1 w - Translate

IOM မှ ငလျင်ဘေးသင့် ဒေသများသို့ အသက်ကယ်ပစ္စည်း ၉၀ တန်ကျော် ပို့လွှတ်နေ +++++
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ ငလျင်ဘေးသင့် ဒေသတွေထံ အသက်ကယ်ပစ္စည်း ၉၀ တန်ကျော် ပို့လွှတ်နေကြောင်း ထုတ်ပြန်ပါတယ်။ အဆိုပါ အရေးပေါ်အကူအညီတွေဟာ လူဦးရေ ၄၃,၀၀၀ ခန့်အတွက် အရေးပေါ်လိုအပ်ချက်တွေဖြစ်တဲ့ အမိုးအကာ၊ သောက်သုံးရေ စတဲ့ အထောက်အပံ့တွေ ရရှိမယ်လို့ ဆိုပါတယ်။ မန္တလေးငလျင်ဖြစ်ပွားပြီး တစ်လခန့်အကြာမှာ လူဦးရေနှစ်သန်းခန့်ဟာ အရေးပေါ်အကူအညီတွေ အလွန်အမင်း လိုအပ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂမှ အသိပေးထားပါတယ်။

image