#နိုင်ငံတကာသတင်း
◼ဒုတိယအကြိမ်သမ္မတသက်တမ်းပထမရက် ၁၀၀ ပြည့်လု နီးတွင် ထရန့် အပေါ် ထောက်ခံမှုနှုန်းကျဆင်းလာ
ဒေါ်နယ်ထရန့်၏ဒုတိယအကြိမ်သမ္မတအဖြစ်အိမ်ဖြူတော်သို့ရောက်ရှိသည့်ပထမရက် ၁၀၀ ပြည့် ရန်နီးကပ်လာချိန်တွင်၎င်းအပေါ်လူထုထောက်ခံမှုနှုန်းအဆင့်၄၀ရာခိုင်နှုန်းအထိကျဆင်းသွားကြောင်းဝါရှင်တန်အခြေစိုက်အမေရိကန်ဥာဏ်ကြီးရှင်များအဖွဲ့ Pew Research Center ကယမန် နေ့ တွင် ထုတ်ပြန်သောစစ်တမ်းအသစ်တစ်ခုအရသိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလအစောပိုင်းနောက်ပိုင်းထရန့်အပေါ်ထောက်ခံမှုအဆင့်သတ်မှတ်ချက်မှာ ၇ ရာခိုင်နှုန်းကျဆင်းသွားသည်ကိုစစ်တမ်းတွင်တွေ့ရှိခဲ့ပြီးယင်းမှာပထမသက်တမ်းတွင် ၎င်း မြင်ခဲ့ရဖူးသောကိန်းဂဏန်းများနှင့်အလားတူသည့်အပြောင်းအလဲတစ်ခုဖြစ်သည်။
လက်ရှိတွင် ပြဿနာများစွာကို ထရန့်ကိုင်တွယ်ဖြေရှင်းနိုင်မှုအပေါ် ယုံကြည်မှုရှိကြောင်း လူဦးရေထက်ဝက်အောက်က ဖော်ပြကြသည်။
စစ်တမ်းအရလူဝင်မှုကြီးကြပ်ရေးမူဝါဒနှင့် ပတ်သက်၍ ကောင်းစွာ ဆုံးဖြတ်ချက်များချနိုင်သည်ဟု အနည်းဆုံးယုံကြည်မှုရှိကြောင်း ၄၈ ရာခိုင်နှုန်းက ဆိုကြသည်။
ကုန်သွယ်ရေးသဘောတူညီချက်များကို စေ့စပ်ညှိနှိုင်းရန်၊ ပြည်သူ့ကျန်းမာရေး အရေး ပေါ်အခြေအနေတစ်ရပ်ကို ကိုင်တွယ်ရန်နှင့် စီးပွားရေးမူဝါဒ သို့မဟုတ် အခွန်မူဝါဒနှင့် ပတ်သက်၍ ကောင်းမွန်သော ဆုံးဖြတ်ချက်များချရန် စသည့်အချက်တစ်ခုချင်းအပေါ်ယုံကြည်သူ ၄၅ ရာခိုင်နှုန်းရှိသည်။
အလားတူထရန့်က သမ္မတရုံးကို စီမံခန့်ခွဲနိုင်မှုအပေါ် ၄၄ ရာခိုင်နှုန်း၊ သို့မဟုတ် နိုင်ငံခြားရေးမူဝါဒ အပေါ်ကောင်းစွာဆုံးဖြတ်ချက်ချနိုင်မှုတွင် ၄၄ ရာခိုင်နှုန်း၊ ကိုယ်ဝန်ဖျက်ချရေးမူဝါဒအပေါ် ၄၃ ရာခိုင်နှုန်း၊ ကျန်းမာရေးစောင့်ရှောက်မှုမူဝါဒအပေါ် ၄၁ ရာခိုင်နှုန်းနှင့် တိုင်းပြည်ညီညွတ်အောင်လုပ်ဆောင်နိုင်မှုအပေါ် ၃၃ ရာခိုင်နှုန်းတို့က ယုံကြည်မှုရှိကြောင်း ဖော်ပြသည်။
Pew Research Center သည် နိုင်ငံ ကိုယ် စားပြု ကိန်း ဂဏန်း ၊အချက်အလက်များပါဝင်သည့်ကြောင်းအရာအမျိုးမျိုးလေ့လာမှုကိုအသုံးပြု၍ အရွယ်ရောက်ပြီးသူအမေကန်နိုင်ငံသား ၃၅၈၉ ဦးအား အွန်လိုင်းနှင့် ဖုန်းတို့ဖြ ဧပြီ၇ ရက်မှ ၁၃ ရက် အထိစစ် တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်တမ်းရလဒ်များအတိမ်းအစောင်းဖြစ်နိုင်ခြေမှာ ၁ ဒသမ ၈ ရာခိုင်နှုန်းရှိသည်။
သတင်း-လင်းခေတ်
ကိုးကား-CNN
