A Smiley Face Moon on April 25th Morning ?
ဒီရက်ပိုင်းမှာ Social Media ပေါ်မှာ ပြန့်နေတဲ့ပုံတစ်ပုံ အရ ဧပြီ ၂၅ မနက် အစောပိုင်း နေမထွက်ခင်လေးမှာ လ နဲ့ အခြား ဂြိုဟ် နှစ်လုံး ကို Smiley Face ပုံစံ ဖြစ်နေတာကို မြင်ရမယ်ဆိုပြီး ရေးနေကြတာတွေ့ရပါတယ်။ အမှန်တကယ် က တော့ အဲလိုမျိုး မြင်ရမှာမဟုတ်ပါဘူး။ တခါတလေ ကျွန်တော်တို့တွေ အွန်လိုင်း မီဒီယာတွေ ပေါ်မှာ မြင်ရ ဖတ်ရတဲ့ အချို့သော သတင်းတွေ ဟာ လူတွေ စိတ်ဝင်စားတာ ပိုလာအောင် ပွဲ ဖြစ်အောင် တမင် ရေးထားတာတွေဖြစ်နေတာပါ။ ဧပြီ ၂၅ ရက်နေ့ မနက် ၅ နာရီလောက် ကစပြီး အရှေ့ဖက် ကောင်းကင်ကို ကြည့်မယ်ဆိုပါက လ ခြမ်းကွေး လေးရယ် ဂြိုဟ် ၂ လုံးရယ်ကို မြင်ရပါမယ်။ ဂြိုဟ် နှစ်လုံး အနက် သိသိသာသာ လင်းလက်နေတာ က သောကြာဂြိုဟ်ခေါ် ဗီးနပ်စ် ဂြိုဟ်ဖြစ်ပြီး နောက် မှိန်မှိန် တစ်လုံးကတော့ စနေဂြိုဟ် ဖြစ်ပါတယ်။ စနေ ဂြိုဟ် ကို မြို့ပေါ် အလင်းရောင် များတဲ့ နေရာက ကြည့်မယ်ဆိုပါ က အမှုန်သေးသေးလေး ဒါမှမဟုတ် လုံး၀မမြင်နိုင်တာ မျိုးရှိပါတယ်။ သောကြာဂြိုဟ်ကတော့ လင်းလက်စွာမြင်ရပါတယ်။ အွန်လိုင်းမှာ ပြန့်နေ သလိုမျိုး ပုံစံတော့ ဖြစ်နေမှာမဟုတ်ပါဘူး။ လနဲ့ ဂြိုဟ် ၂ လုံး က ဘေး တစောင်းတိုက်လေး ဖြစ်နေမှာပါ။ မြန်မာနိုင်ငံက ဆိုရင် ခု အွန်လိုင်းကပုံ နဲ့ အတော်ကို ကွဲပြားစွာမြင်ရမှာဖြစ်ပါတယ်။ လ က ဂြိုဟ် ၂ ခု အောက်မှာမဟုတ်ပဲ အပေါ်ကို ရောက်နေတာမြင်ရမှာပါ။ မိမိနေထိုင်ရာ နေရာကနေ ဘယ်လိုမြင်ရနိုင်မလဲဆိုတာ သိချင်ရင် အောက်ပါ website မှာ သွားကြည့်လို့ရပါတယ်။ အဲရက်မှာ မြန်မာနိုင်ငံကနေ မြင်ရမယ့် ကောင်းကင် ပုံကို လဲ ပုံ ၂ မှာ ပြထားပေးပါတယ်။ Smiley Face နဲ့ လုံး၀ မတူတာကို တွေ့ရမှာပါ။

image