ကက်ရှ်မီးယားတိုက်ခိုက်မှုအပြီး အိန္ဒိယက ပါကစ္စတန်နယ်စပ်ဂိတ် ပိတ်သိမ်းခြင်းနှင့် သံတမန်များကို နှင်ထုတ်
*****************
(နိုင်ငံတကာ) ဧပြီ ၂၄
ကက်ရှ်မီးယားဒေသတွင် ခရီးသွား ၂၆ ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုအပြီး အိန္ဒိယက ပါကစ္စတန်နယ်စပ်ဂိတ် ပိတ်သိမ်းခြင်းနှင့် ပါကစ္စတန်သံတမန်များကို နှင်ထုတ်လိုက်ကြောင်းသိရသည်။
အိန္ဒိယအစိုးရကနှစ်နိုင်ငံ နယ်စပ်ဂိတ်ကို ပိတ်ပစ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုကိုတားဆီးခဲ့ပြီး ပါကစ္စတန်ဗီဇာကိုင်ဆောင်ထားသူများအား ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံမှထွက်ခွာရန် အမိန့်ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပါကစ္စတန်းစစ်ဘက်မှ ငြင်းဆိုထားပြီး မကြာမှီ နှစ်နိုင်ငံအကြားတွေ့ဆုံရန်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုသည် ကတ်ရှ်မီးယားဒေသအတွက် ၂၀၁၉ ခုနှစ်နောက်ပိုင်း အသေအပျောက်အများဆုံးဖြစ်စဉ်ဖြစ်ကြောင်း ဒေသအာဏာပိုင်များကဆိုသည်။

အိန္ဒိယ အာဏာရပါတီဖြစ်သည့် BJP ပါတီကလည်း ကတ်ရှ်မီးယားတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံအား ပြင်းပြင်းထန်ထန်ဆန္ဒထုတ်ဖော်ပြီး ကန့်ကွက်ရှုတ်ချမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် အိန္ဒိယစစ်တပ်မှ စစ်ရေးအရတုန့်ပြန်မည်ကို ဒေသခံများက စိုးရိမ်မှုမြင့်တက်နေကြောင်းသိရသည်။

imageimage