1 ပတ် - ဘာသာပြန်ပါ။

Shaolin Popey I ( 1994 )

IMDB: 6.4/10
ကလေးဘဝတုန်းကအရမ်းသဘောကျခဲ့ရတဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်တဲ့
ရှောင်လင်ကိုယ်တော်လေးနှစ်ယောက်ကို တင်ဆက်ပေးလိုက်ပါတယ်။
နှစ်ရှည်လများကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အကောင်းဆုံးရနိုင်တဲ့
DVD Quality ကိုပဲတင်ဆက်ပေးလိုက်ရပါတယ်
ဇာတ်လမ်းကိုအများကြီးမိတ်ဆက်ပေးစရာလိုမယ်တော့မထင်ပါဘူး

ပြန်နွှေးပေးရရင်တော့ အထက်တန်းကျောင်းသားဘဝမှာ
အလှဆုံးကျောင်းသူလေးကိုချစ်မိသွားတဲ့ကောင်လေးတစ်ယောက်နဲ့
ကျောင်းမှာအာဏာရှိတဲ့ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ကြားက
ယှဉ်ပြိုင်ပွဲတစ်ခုအကြောင်းဖြစ်ပါတယ်။ မိသားစုခရီးထွက်ရင်း
ကစားမက်တဲ့ကတုံးလေးကြောင့် အကြောင်းတိုက်ဆိုင်ပြီး
ရှောင်လင်ကျောင်းမှာကွန်ဖူးသင်ခဲ့ရပြီးတော့
ကျောင်းမှာပြန်ပြီး ပညာပြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

#crd
#storymode

image