Khine Su Zin shared a post  
48 w

48 w

💔(၂၀၂၅) ခု မတ်လ (၂၈) ရက်က
လှုပ်ခတ်တဲ့ ငလျင်ကြီးမှာ
“မန္တလေး (၁၃၀၀) ပြည့် အာဇာနည် (၁၇) ဦး
ဗိမာန်” အဆောက်အအုံနှင့် အတူ
ကျောက်စာရုံများလည်း ဘုံးဘုံးလဲ ပြိုကျ
ပျက်စီးသွားပါပြီ။ (၂၆) ဘီလမ်းကို
အာဇာနည်လမ်းဆိုတဲ့ မော်ကွန်းကမ္ပည်း
ပျောက်ကွယ်သလိုမျိုး မြန်မာ့လွတ်လပ်ရေး
တိုက်ပွဲသမိုင်းမှာ ဂုဏ်ရောင်ပြောင်ခဲ့တဲ့
မန္တလေး (၁၃၀ဝ) ပြည့်အရေးတော်ပုံက
အာဇာနည်များကို မြုတ်နှံသင်္ဂြိုဟ်ကာ
မြို့လူထုက ဂုဏ်ပြု တည်ဆောက်ခဲ့တဲ့
“မန္တလေး၁၃၀၀ပြည့် အာဇာနည် (၁၇) ဦး
ဗိမာန်” ပျောက်ဆုံးသွားလေမလား
ဆိုတာကိုလည်း စိုးရိမ်လှပါတယ်💔

(ဆရာကြီး) ဆူးငှက် ၏ "အလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၁၆)" - မှ -

#crd

image