1 w - Translate

ဟွိုက်လန်း ဂိုးပေါက်ပျောက်နေတာနဲ့ ပတ်သက်လို့ အမိုရင် က “ဒီကောင်ကို ကိုင်တွယ်ဖို့အတွက်ဆို ကျွန်တော်သိတဲ့ တစ်ခုတည်းသောနည်းလမ်းက ဗီဒီယိုတွေကို ပြရမှာပဲ။

ဒီကောင် ဂိုးသွင်းဖို့လိုတယ်။ သူသာ လူစားလဲခံရရင် ဂိုးသွင်းနိုင်တော့မှာ မဟုတ်ဘူး။ ဒါ့ကြောင့်မို့ ပွဲချိန်အတွင်း စီမီဖို့ကြိုးစားနေတာ။ ဒီကောင်ဂိုးသွင်းမှရမယ်။ ဒါက တိုက်စစ်မှူးတစ်ယောက်မှာ လိုအပ်တဲ့ အရာပဲ။”

ရူဘင်အမိုရင်တော့ ဘယ်လိုမျိုးပဲ သင်ပေးနေပါစေ၊ ဂိုးမသွင်းနိုင်တဲ့ ဟွိုက်လန်းနဲ့ ပတ်သက်ပြီးတော့ အတော်လေးကို စိတ်ပျက်နေပုံရတယ်။ လက်ရှိမှာလည်း ဟွိုက်လန်းကလွဲပြီး သုံးစရာကရှိမနေဘူး။ အမိုရင်တော့ ဟွိုက်လန်းကို ကြောက်ပြီးရင်း ကြောက်နေလောက်ပြီ။

ဒါပေမယ့်လည်း မချစ်သော်လည်း အောင့်ကာနမ်းပြီးတော့ ဟွိုက်လန်းကို ဂိုးသွင်းအောင်လို့ ထပ်ခါ သင်ပေးရမှာကတော့ အမိုရင်ရဲ့တာဝန်ပါပဲ။

image