တူရကီမှာ အင်အားပြင်းငလျင်လှုပ်ချိန် အထပ်မြင့်ကနေ ခုန်ချမှုတွေကြောင့် လူ ၁၅၀ ကျော်ဒဏ်ရာရ
အစ္စတန်ဘူလ်၊ ဧပြီ-၂၄-၂၀၂၅
မျိုးဆက်(VOM)
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆ ဒဿမ ၂ အဆင့်ရှိ အင်အားပြင်း မြေငလျင်အပါအဝင် နောက်ဆက်တွဲငလျင် အကြိမ်များစွာ လှုပ်ခတ်ခဲ့တယ်လို့ တာဝန်ရှိသူတွေ့ ပြောပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် အထပ်မြင့်ကနေ ခုန်ချမှု့တွေဖြစ်ပွားပြီး လူ ၁၅၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပမယ့် လူသေဆုံးမှုနဲ့ အဆောက်အအုံတွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမရှိကြောင်း အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးက က ပြောပါတယ်။
ငလျင်ဟာ ဧပြီ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၄၉ မိနစ်က မြေအောက်အနက် လေးမိုင်အကျော်ကနေ လှုပ်ခတ်ခဲ့ကြောင်း တူရကီအရေးပေါ်ဝန်ဆောင်မှုဌာနက ထုတ်ပြန်ထားပါတယ်။ အဲဒီနောက် နောက်ဆက်တွဲငလျင်တွေကြောင့် လူအများအပြားဟာ ပြင်ပမှာ အိပ်စက်ဖို့ လု်ပဆောင်ခဲ့ရပါတယ်။
ငလျင်ရဲ့ ဗဟိုချက်ဟာ အစ္စတန်ဘူလ်မြို့အနောက်ဘက် မိုင် ၅၀ အကွာ မာမာရာ ကမ်းရိုးတန်းမှာရှိတဲ့ ဆီလီဗရီဒေသမှာဖြစ်ပြီး နာရီပိုင်းအကြာမှာတော့ နောက်ဆက်တွဲငလျင် အကြိမ် ၅၀ ကျော်လှုပ်ခတ်ခဲ့ကြောင်း မြို့အာဏာပိုင်တွေက ပြောပါတယ်။
ဒီငလျင်ဟာ တူရကီမှာ နှစ်များစွာအတွှင်း အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲက တခုဖြစ်ပြီး နောက်ဆက်တွဲ အင်အားပြင်းမြေငလျင်တွေ ဆက်လက်လှုပ်ခတ်မှာကို ဒေသခံတွေစိုးရိမ်နေပြီး ပြင်ဆင်မှုတွေ လုပ်ဆောင်နေကြပါတယ်။
တူရကီတောင်ပိုင်းမှာ ၂၀၂၃ ခုနှစ်ကလည်း ဧရာမငလျင်ကြီးနှစ်ကြိမ် လှုပ်ခတ်မှုကြောင့် လူ ၅၅၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။ အစ္စတန်ဘူလ်မြို့ဟာ တူရကီရဲ့ လူဦးရေအများဆုံးမြို့ဖြစ်ပြီး လူဦးရေ ၁၆ သန်းကျော် နေထိုင်ပါတယ်။

image