Google သာ ရောင်းရင် Chrome ကို ဝယ်မယ့် OpenAI
ကြည့်ရတာ Google တော့ Chrome ကို ရောင်းရမယ့်ကိန်းပါပဲ။
ဈေးကွက်လက်ဝါးကြီးအုပ် monopoly လုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေကနေ Google Chrome browser ရောင်းဖို့ ဖိအားပေးခံနေရပါတယ်။ Chrome ကို Google အောက်က ခွဲထုတ်လိုက်မှပဲ ဈေးကွက်မောင်ပိုင်စီးတဲ့ပြဿနာ ရှင်းနိုင်မယ်လို့ ပြောနေပါတယ်။
ပြီးခဲ့တဲ့လကပဲ အမေရိကန်တရားရေးဌာန DOJ က Google ဟာ Chrome ကို ရောင်းထုတ်ဖို့ လိုတယ်လို့ ကြေညာထားပါတယ်။ တကယ်လို့ Google သာ Chrome ရောင်းမယ်ဆိုရင် ထိပ်ဆုံးက ပြေးဝယ်မှာက OpenAI ပါ။
ဒီတစ်ပတ် အင်္ဂါနေ့ တရားရုံးကြားနာစစ်ဆေးမှုမှာ ChatGPT ထုတ်ကုန်အကြီးအကဲ နစ်ခ်တာလီက Google ရောင်းမယ်ဆို Chrome ကို ဝယ်ဖို့ စိတ်ဝင်စားတယ်လို့ ပြောသွားတာပါ။ OpenAI က Chrome မှာ ChatGPT ကို တိုက်ရိုက်ပေါင်းစည်းချင်နေတာ ဖြစ်ပါတယ်။
