“2026 World Cup မှာ ကျွန်တော်ကစားဖို့ မဖြစ်နိုင်လောက်တော့ဘူး။ ကျွန်တော်က အသက်အရွယ် တစ်ခုရောက်လာပြီ။ နောက်ပြီး လူငယ်တွေအတွက်လည်း နေရာဖယ်ပေးလိုက်တော့မှာပါ။ ဆုဖလား၊ ငွေကြေး၊ တစ်ဦးချင်းဆုတွေလည်း ကျွန်တော်မလိုချင်တော့ဘူးဗျ။
အချိန်မရွေး ကျွန်တော်အနားယူသွားနိုင်တယ်။ ကျွန်တော့်ကို တွေ့ရဖို့အတွက် မိုင်ထောင်ချီပြီးတော့ လာရတဲ့ပရိတ်သတ်တွေကို ကျွန်တော်အားနားပါတယ်ဗျာ။ ကျွန်တော့်အတွက် ဘောလုံးကစားရတာ မိနစ်ကိုးဆယ်လုံးပြေးရတာက ပင်ပန်းပြီးမလွယ်ကူတော့ဘူး။
အခုလို ငွေကြေးတစ်ခုတည်းကိုပဲ ကြည့်ပြီးတော့ နားရက်နည်းနည်းပဲရတဲ့ ပွဲတွေက တအားကြီးကို ပင်ပန်းတယ်။ ကျွန်တော်အနားယူရင်တော့ အားလုံးကိုအသိပေးမှာပါ။”
-လီယိုမက်ဆီ
