1 w - Translate

Foodpanda ထိုင်းဈေးကွက်ထဲက ထွက်ခွာ

မေလ ၂၃ ကစပြီး Foodpanda အစားအသောက်ပို့ ဝန်ဆောင်မှု ထိုင်းမှာ ပိတ်တော့မှာပါ။

အပြိုင်အဆိုင်များတဲ့ ထိုင်း delivery ဈေးကွက်မှာ Foodpanda က ဈေးကွက်ဝေစု ၁၅% အောက်နဲ့ ရုန်းကန်ခဲ့ရတာပါ။ ထိုင်း အစားအသောက်ပို့ဆောင်ရေး ဈေးကွက်မှာ Lineman Wongnai နဲ့ GrabFood တို့က အင်အားအကြီးဆုံး ဖြစ်ပြီး ဈေးကွက်ဝေစု ၄၄% နဲ့ ၃၉.၄% စီရှိပါတယ်။

Foodpanda လုပ်ငန်းစုရဲ့ မိခင်ကုမ္ပဏီ Delivery Hero ဟာ မနှစ်ကတည်းက အရှေ့တောင်အာရှက Foodpanda လုပ်ငန်းတစ်စိတ်တစ်ပိုင်း ရောင်းဖို့ ကြိုးစားခဲ့ပေမယ့် ဝယ်လက်တွေနဲ့ သဘောတူညီချက် မရခဲ့ဘူးလို့ ဆိုပါတယ်။

ဝယ်လက်တွေထဲမှာ ပြိုင်ဘက် Grab လည်း ပါတယ်လို့ ပြောတာတွေ ရှိခဲ့သလို တရုတ်က Meituan လည်း Foodpanda ဝယ်ဖို့ လုပ်ခဲ့တယ်လို့ ပြောပါတယ်။

ထိုင်းဈေးကွက်က ထွက်သွားမှာ ဖြစ်ပေမယ့် အာရှပစိဖိတ်ဒေသအတွက် ဈေးကွက်ရှာဖွေရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ဆောင်မှုတွေ ပေးဖို့ ထိုင်းအခြေစိုက် regional team တော့ ပုံမှန်အတိုင်း ဆက်ရှိဦးမှာပါ။

image