1 ပတ် - ဘာသာပြန်ပါ။

“နေတတ်ခြင်း” သည် ပျော်ရွှင်ခြင်းထက်ပိုကြီးမြတ်သည်
ဘဝဆိုတာ ပျော်နေတဲ့အချိန်တွေနဲ့ ပြည့်နှက်နေတဲ့အရာ မဟုတ်ပါဘူး။
တကယ်တော့ “နေပျော်တဲ့ဘဝ” ဆိုတာ မရှိပါဘူး။
ရှိတာကတော့… “နေတတ်အောင် နေရင်းနဲ့ အသားကျသွားတဲ့ဘဝ” ဖြစ်ပါတယ်။
တစ်ခါတလေ ဒဏ်ရာတွေက ငါ့ကို ဗဟုသုတသစ်တွေအဖြစ်ပြောင်းပေးတတ်တယ်။
တစ်နေ့မှာ ဘဝက ခဏသာတည်တံ့တယ်ဆိုတာ နားလည်လာတဲ့အခါမှာ
ပူပြင်းတဲ့အရာတွေထက် အေးချမ်းခြင်းတန်ဖိုးကို ပိုနားလည်လာတတ်တယ်။
ဘဝက သင်ခန်းစာတွေပေးတတ်သလို
လူတွေလည်း သင်ခန်းစာဖြစ်နိုင်ပါတယ်။
အဲ့ဒီသင်ခန်းစာတွေကြောင့်ပဲ ငါတစ်ယောက်
ဘယ်သူကို အချိန်ပေးရမလဲ၊ ဘယ်သူနဲ့ ရှောင်ဖို့ကောင်းမလဲဆိုတာ
ဖြစ်ဖြစ်မြင်မြင် သိလာတတ်ပါတယ်။
နေရတာနဲ့တင် မကောင်းတဲ့သူက
သူ့ဘက်ကပဲ အကြောင်းအရင်းနဲ့ ထွက်သွားပါတယ်။
အဲဒါကြောင့်ပဲ
“လူတွေနဲ့နေဖို့အတွက် ကိုယ်ပြောင်းစရာမလိုပါဘူး”
“ကိုယ်ကောင်းအောင်နေရင် ဖြစ်မယ့်သူကဖြစ်သွားတာပါပဲ”
လောကကြီးမှာ မျက်နှာဖုံးနဲ့နေတဲ့သူတွေများတယ်။
တကယ်မှန်တဲ့တန်ဖိုးကို မျက်နှာဖုံးနဲ့ မသတ်မှတ်နိုင်သလိုလူတစ်ယောက်ရဲ့ ကိုယ်ကျင့်သိက္ခာကလည်း
သူ့ရဲ့လုပ်ရပ်နဲ့ပဲ သက်သေပြရတာပါ။
ဘယ်သူပဲ ဘာပဲလုပ်လုပ်
ကိုယ့်လုပ်ရပ်တွေက တန်ဖိုးရှိဖို့၊ သိက္ခာရှိဖို့လိုပါတယ်။
ပတ်ဝန်းကျင်က ပြောင်းလဲနေမယ်၊
လူတွေရဲ့အမြင်က ကွဲပြားနေမယ်…
ဒါပေမယ့် ကိုယ်တိုင်ကတော့
“ပျော်နေတယ် မဟုတ်ပါဘူး၊ နေနိုင်နေတာပဲ” ဆိုတဲ့ အခြေအနေတစ်ခုမှာ
သန်သန်မာမာ ရှင်သန်ဖို့လိုပါတယ်။
အဲ့ဒီအခါမှာပဲ
“နေတတ်ခြင်း” ဆိုတာက
“ပျော်ရွှင်ခြင်း” ထက် ပိုမိုကြီးမြတ်သွားတာပါ။
Kh,John(Hantharwaddy )
#crd

image