1 ပတ် - ဘာသာပြန်ပါ။

ဓါတ်ခွဲခန်းထဲကနေ ကြက်သားတုံးတွေ ထုတ်လုပ်လိုက်တဲ့ ဂျပန်
====================================
နောက်ဆို ကြက်သားစားဖို့အတွက် ကြက်တွေ မွေးမြူဖို့ မလိုတော့ပါဘူး။ ဓါတ်ခွဲခန်းထဲကနေ ထုတ်လုပ်နိုင်တော့မှာပါ။
တိုကျို တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဓါတ်ခွဲခန်းထဲကနေ ကြက်သားတုံးတွေကို ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။ သူတို့က Bioreactor ကို အသုံးပြုထားပြီး အဲဒီမှာ ပါတဲ့ သွေးကြောအတုတွေက ကြက် ကြွက်သား ဆဲလ်တွေထံ အောက်ဆီဂျင်နဲ့ အာဟာရကို ပို့ဆောင်ပေးပါတယ်။ ဒီနည်းလမ်းဟာ အရှည် ၂ စင်တီမီတာ၊ အထူ ၁ စင်တီမီတာနဲ့ အလေးချိန် ၁၀ ဂရမ်ရှိတဲ့ ကြက်သားတုံးတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။
ပညာရှင်တွေက နောက်ပိုင်းမှာ ဒီထက်ပိုများတဲ့ ကြက်သားတုံးတွေကို ထုတ်လုပ်နိုင်အောင် ဆက်လက် ကြိုးစားကြမှာ ဖြစ်ပါတယ်။ နောက်ပြီး ဓါတ်ခွဲခန်းက ထုတ်တဲ့ ကြက်သားတုံး အရသာဟာ တကယ့် ကြက်သားတုံး အရသာနဲ့ တူညီသလားဆိုတာကိုလည်း လေ့လာကြမှာ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေ ရှိသလားဆိုတာကိုလည်း စစ်ဆေးကြမှာ ဖြစ်ပါတယ်။

image