1 ပတ် - ဘာသာပြန်ပါ။

" ဖြစ်ပြီးသားကိစ္စကို လက်ခံပြီးသွားရင် သမီးအနေနဲ့ သူ့ကိုခွင့်လွှတ်ပြီး သူငယ်ချင်းအဖြစ် ဆက်ပေါင်းမလား ဒါမှမဟုတ် သူနဲ့ ဝေးဝေးရှောင်မလားဆိုတာကို ရွေးချယ်လို့ရတယ် ။ ပြောင်းလဲလို့ရတဲ့ ကိစ္စရပ်တွေကို သမီးအနေနဲ့ အတတ်နိုင်ဆုံးလုပ်ပြီး ထိန်းချုပ်နိုင်တယ် ။ ဒါပေမယ့် သမီးရဲ့နောက်ရွေးချယ်မှု ဘယ်လိုပဲဖြစ်နေပါစေ သမီးကို သူချောက်တွန်းခဲ့တယ်ဆိုတဲ့ ကိစ္စကိုတော့ သမီးအရင်ဆုံးလက်ခံလိုက်မှရမယ်။ "
"ဘာဖြစ်လို့လဲ.." 'အရှုံးပေးလက်ခံရမယ်' ဟူသောစကားလုံးကိုကြားတိုင်း လော့လင်းဒေါသဖြစ်မိ၏။
" ဘာဖြစ်လို့လဲဆိုတော့ ပြီးသွားတဲ့ကိစ္စတွေက ပြောင်းလဲလို့မှမရနိုင်တော့တာ ။ တကယ်လို့ သမီးက ဒါကိုလက်မခံနိုင်ဘူးဆိုရင် ကိုယ့်ခေါင်းကို အုတ်တံတိုင်းနဲ့ ဆောင့်နေတာနဲ့အတူတူပဲ ။ သမီးပဲ အနာရလိမ့်မယ် ။ အတိတ်ကကိစ္စ‌ကတော့ ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး ။ " အဘိုးသည် ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
" လူတွေနာကျင်ခံစားနေကြရတဲ့ အဓိကအကြောင်းရင်းက ဖြစ်ရပ်မှန်ကို လက်မခံနိုင်ဘဲ လွန်ဆန်ချင်နေကြလို့ပဲ။ "
#စစ်မှန်သောမိမိနှင့်တွေ့ဆုံခြင်း
#သက်တန့်မေရီ

image