1 ပတ် - ဘာသာပြန်ပါ။

ဂြိုလ်တုတည်ဆောက်ရေးမှာ ပါနေတဲ့ ၁၃ နှစ်အရွယ် ဘူတန်ကျောင်းသူလေး

ပီမာ တီရှိုဆက်ကုက အသက် ၁၃ နှစ်ပဲ ရှိသေးပေမယ့် ပညာရှင်တွေနဲ့ တွဲပြီး ဂြိုလ်တုတည်ဆောက်နေပါပြီ။

ဩစတြေးလျနိုင်ငံ ပါ့သ်မှာ နေထိုင်တဲ့ ပီမာဟာ Curtin တက္ကသိုလ်ရဲ့ ကမ္ဘာပတ်လမ်းထဲ လေ့လာရေးအတွက် လွှင့်တင်မယ့် ဂြိုလ်တုတည်ဆောက်ရေး အစီအစဉ် BinarX programme မှာ ပါဝင်ပါတယ်။ ဒီ programme မှာ တက္ကသိုလ်က သုတေသနပညာရှင် ၊ အင်ဂျင်နီယာတွေနဲ့ ဂြိုလ်တုမှာ သယ်သွားမယ့် payload ဒီဇိုင်းတည်ဆောက်မယ့်ပညာရှင်တွေလည်း ပါပြီး Balcatta အထက်တန်းကျောင်းသူ ပီမာက အသက်အငယ်ဆုံးအဖွဲ့ဝင်လို့ ဆိုပါတယ်။

image