1 ပတ် - ဘာသာပြန်ပါ။

တရုတ်မြေရှား မရလို့ စက်ရုပ်ထုတ်ဖို့ Tesla အခက်တွေ့နေ
Optimus တွေ အကြီးအကျယ်ထုတ်ချင်တဲ့ အီလွန်မတ်စ်လည်း ညည်းနေပါပြီ။
စက်ရုပ်ထုတ်ဖို့ အရေးပါတဲ့ မြေရှားသံလိုက်တွေ ကုန်သွယ်မှုကန့်သတ်ချက်တွေကြောင့်လို့ ပြောပါတယ်။ တရုတ်ကလည်း သူ့မြေရှားကို စစ်ဘက်သုံးမှာ စိုးရိမ်လို့ အခုလဆန်းကပဲ မြေရှားသတ္ထုဒြပ်စင်နဲ့ သံလိုက် ၇ မျိုးအတွက် တင်ပို့ကုန် အိတ်ပို့ကန့်သတ်ချက်သစ်တွေ ချလိုက်တာပါ။
အဲ့ဒီတော့ မြေရှားလိုချင်ရင် ဘေဂျင်းက ကုန်သွယ်ရေးဝန်ကြီးဌာန အိတ်စ်ပို့လိုင်စင် တင်ရပါမယ်။ လိုင်စင်ခွင့်ပြုချက်ကျဖို့အတွက်တော့ ၆ ပတ်ကနေ ၈ ပတ်ကြာနိုင်ပါတယ်။ ဒီထက်မကလည်း ကြာကောင်း ကြာမှာပါ။
မြေရှားသတ္ထုသုံး အမြဲတမ်းသံလိုက်က လျှပ်စစ်ကားဘတ္ထရီကနေ မီးချောင်းအထိ စစ်ဘက်ဆိုင်ရာကနေ စမတ်ဖုန်းလို အီလက်ထရွန်းနစ်အစိတ်အပိုင်းတွေအထိ သုံးပါတယ်။ စက်ရုပ်ထုတ်လုပ်ရေးမှာလည်း ဒီသတ္ထုက လိုအပ်တာပါပဲ။
ကမ္ဘာပေါ်မှာ မြေရှားသတ္ထုသန့်စင်မှုရဲ့ ၉၀% ကျော်ကို ထိန်းချုပ်ထားတဲ့ တရုတ်က terbium ၊ dysprosium စတဲ့ စက်ရုပ် ၊ EV ကားနဲ့ ကာကွယ်ရေးစနစ်တွေမှာ သုံးတဲ့ စွမ်းရည်မြင့် သံလိုက်တင်ပို့မှုကို ကန့်သတ်ထားပါတယ်။
အီလွန်မတ်စ်က ဒီပြဿနာကို ကုမ္ပဏီသုံးလပတ်မှာ ပြောသွားတာ ရှိပါတယ်။ အဲ့ဒါကတော့ ဘေဂျင်းဘက်က Tesla ဟာ မြေရှားသံလိုက်တွေကို စစ်ရေးရည်ရွယ်ချက်နဲ့ မသုံးကြောင်း အာမခံဖို့ တောင်းဆိုထားတယ် ဆိုတာပါပဲ။
အီလွန်မတ်စ်ကလည်း ဒီသတ္ထုတွေကို လူပုံတူစက်ရုပ် humanoid မှာပဲ သုံးမယ်လို့ ပြောထားပြီး တရုတ်ဘက်က ခွင့်ပြုချက်ကို စောင့်နေပါတယ်။ Tesla က ဒီနှစ်အကုန်မှာ Optimus ထောင်နဲ့ချီ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပေမယ့် အခုအတိုင်းဆို ဒီစိတ်ကူးက နောက်နှစ်ထဲမှ ဖြစ်သွားနိုင်ပါတယ်။
လောလောဆယ် Q1 ပထမသုံးလပတ်အတွက် ကုမ္ပဏီအမြတ်ငွေ ၇၁% ကျဆင်းခဲ့တဲ့ Tesla ဟာ ဝင်ငွေရလဒ်ရှင်းတမ်းမတိုင်ခင် ရှယ်ယာဈေး ၅.၈% ကျဆင်းထားပါတယ်။

image