1 ပတ် - ဘာသာပြန်ပါ။

အဖမ်းခံရတဲ့ သမီးဖြစ်သူအတွက် ရရှာမာဖီးယား ဂိုဏ်းတစ်ခုလုံးကို လက်စားချေဖိုကြိုးစားတဲ့အခါ

A Working Man
2025 ‧ Action/Thriller ‧ 1h 56m
 
ကတုံးမင်းသား ဂျေဆန်စတေသမ်ရဲ့ ရုံတင်ကား အသစ်ပါ။ ထုံးစံအတိုင်း တစ်ကိုယ်တော် အသားကုန်ကျုံးတဲ့ ဇာတ်လမ်းပါပဲ။ ဒါရိုက်တာကတော့ ဆူဆိုက်စကွက်တုန်းက ရိုက်ခဲ့တဲ့ David Ayer ပါပဲ။ ဇာတ်ညွှန်းကိုတော့ စတားလုံး ကူရေးပေးထားတာပါ။
ဇာတ်လမ်းအကျဉ်း
ဗြိတိန်အထူးတပ်ဖွဲဝင်ဟောင်း၊ တက္ကစီသမားဟောင်း၊ ငါးမန်းဖမ်းသမားဟောင်း၊ ပျားမွေးသမားဟောင်း၊ ကြေးစားဟောင်း ဘဲကြီးဟာ ဆောက်လုပ်ရေးအလုပ်သမားလုပ်နေပါတယ်။ သူ့ကို ကူညီထားတဲ့ သူဌေးလင်မယားမှာ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိတယ်။
အဲဒီ ကောင်မလေးကို ရုရှားမာဖီးယားတွေ ဖမ်းသွားချိန်မှာ လင်မယားက သူ့ကို အကူအညီတောင်းလာပါတော့တယ်။ ဒီတော့ ဖမ်းသွားတဲ့ တစ်ဖွဲလုံးကို တစ်ယောက်တည်းလိုက်ချပါတယ်။ မာဖီးယားတစ်ဖွဲလုံးကို တစ်ယောက်တည်းချပါတယ်။
ဒုတိယကားထွက်လာခဲ့ရင်တော့ ရုရှားစစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်းချနိုင်ချေရှိပြီး တတိယကားဆိုရင်တော့ တစ်ကမ္ဘာလုံးကိုပါ ချပါလိမ့်မယ်။ ကြည့်နေတဲ့သူတွေကိုပါ ထွက်ချနိုင်ချေ ရှိပါတယ်။ ကြည့်လိုက်ကြပါဦး။

image