#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာမည့် ခရီးသွားများအား လေဆိပ်ခွန်တိုးမြှင့်ကောက်ခံမည်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာမည့် ခရီးသွားများအ ၂ဝ၂၅ ခုနှစ် မေ ၁၂ ရက်မှစ၍ လေဆိပ်ခွန် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
လေဆိပ်ခွန်ကို ပြည်ပခရီးစဉ်အတွက် တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာနှင့် ပြည်တွင်းခရီးစဉ်အတွက် တစ်ဦးလျှင် ကျပ်တစ်သောင်းခွဲကောက်ခံမည်ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က ကြေညာထားခြင်းဖြစ်ကြောင်း သိရသည်။
မေ ၁၂ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြမည့် ပြည်တွင်း၊ ပြည်ပခရီးစဉ်များအတွက် လေယာဉ်လက်မှတ် ကြိုတင်ဝယ်ယူထားသူများအနေဖြင့် လေဆိပ်ခွန်အပြောင်းအလဲအတွက်လက်မှတ်ဝယ်ယူထားသည့် အေဂျင်စီများထံ ဆက်သွယ်ကြရန်လေဆိပ်ကြေညာချက်တွင် အသိပေးထားသည်။
၂ဝ၁၁ ခုနှစ် ဧပြီ ၁ ရက်တွင် မြန်မာနိုင်ငံသားများအား နိုင်ငံခြား သားများနည်းတူ ပြည်ပခရီးစဉ်များအတွက်တစ်ဦးလျှင် အမေရိကန်ဒေါ် လာ ၁ဝ ဒေါ်လာသို့မဟုတ် FEC ၁၀ ဒေါ်လာနှင့် ပြည်တွင်းခရီးစဉ်များအတွက် အမေရိကန် ၁ဝ ဒေါ်လာ သို့မဟုတ် FEC ၁၀ ဒေါ်လာနှင့်ညီမျှသည့် မြန်မာကျပ်ငွေကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
