1 ပတ် - ဘာသာပြန်ပါ။

ငှက်ပျောကောက်ညှင်းထုပ် လုပ်နည်း.......။
ကောက်ညှင်းဆန်ကို ညကတည်းကရေစိမ်ထားခဲ့ပါတယ်။
အနည်းဆုံးသုံးနာရီလောက်စိမ်ပေးပါ။
ဆားအနည်းငယ်၊ ငှက်ပျောသီးမှည့်လိုပါတယ်။
ကောက်ညှင်းကိုရေစစ်ပြီး ဆားလေးအနည်းငယ်နဲ့နယ်ပေးပါ။
ပြီးရင်ငှက်ပျောရွက်ထဲကို ကောင်ညှင်းတဇွန်းလောက်ထည့်၊ ငှက်ပျောသီးမှည့်တခြမ်းထည့်၊ အပေါ်ကကောက်ညှင်းလေးထပ်အုပ်ပြီး ထုပ်ပြီး နှီးလေးနဲ့ချည်ပါ။
ပြီးရင်ပေါင်းဇကာထဲကိုထည့်၊ ရေနွေးငွေ့နဲ့တနာရီနီးပါးပေါင်းပေးပြီးရင်ကောက်ညှင်းထုပ်လေးရပါပြီး......။
တနာရီလောက်ပေါင်းရင်ပေါင်း မပေါင်းချင်ရင်ရေထဲထည့်ပြုတ်လည်းရပါတယ်ရှင့်။
ပြီးရင်အအေးခံပြီး ကိုယ်အဆင်ပြေသလိုလှီးပြီး အုန်သီးဖွေးဖွေးလေးဖြူးပြီးစားလို့ရပါပြီး.....😋
ချိုချိုလေးစားချင်ရင်သကြားလေးပါဖြူးပြီးစားပါ။

image