အီရန်က နျူကလီးယားအစီအစဉ်ကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရန်အသင့်ရှိ
**********************
(နိုင်ငံတကာ) ဧပြီ ၂၃
အီရန်နိုင်ငံက နိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုသာ ဖယ်ရှားပေးမည်ဆိုပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ပိုမိုပွင့်လင်းမြင်သာမှုရှိစေရေး လုပ်ဆောင်ရန်အသင့်ရှိကြောင်း အစိုးရအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဖာတီမာမိုဟာ ဂျီရာနီက ဧပြီလ ၂၂ ရက်တွင်ပြောသည်။

ပိတ်ဆို့မှုများကိုဖယ်ရှားပေးခြင်းက ပြည်သူ များ၏ဘဝများအပေါ် အပြုသဘောဆောင်သည့်သက်ရောက်မှုများရှိစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ပိတ်ဆို့မှုကို ဖယ်ရှားခြင်းနှင့် အီရန်၏နျူကလီးယားအစီအစဉ်အပေါ် ပိုမိုယုံကြည်လာစေရေး၊ ပွင့်လင်းမြင်သာမှုရှိစေရေး ဆောင်ရွက်ခြင်းတို့ကို အပြန်အလှန်လဲလှယ်သွားမည်ဖြစ်ကြောင်း မိုဟာဂျီရာနီ က ဆက်ပြောသည်။

ထိုသို့လုပ်ဆောင်မည်ဆိုပါက အချိန်တိုအတွင်းမှာပင် အမေရိကန်နှင့်နျူကလီးယားသဘောတူညီချက် တစ်ခုကို ရရှိနိုင်ကြောင်း ၎င်းကဆက်ပြောထားသည်။

ထို့ပြင် မကြာသေးမီက လုပ်ဆောင်ခဲ့သည့် အီရန်-အမေရိကန် ဒုတိယအကျော့ဆွေးနွေးမှုသည် အပြုသဘောဆောင်ပြီး တိုးတက်မှုရှိကြောင်း အဆိုပါပြောရေးဆိုခွင့် ရှိသူ က ပြောထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

image