တန်ဖိုးမထားတဲ့ရပ်၀န်းကို စွန့်ခွာပါ✌
_________________
တခါတလေ,ကိုယ့်အတွက်
ကျားကုတ်ကျားခဲ ကြိုးစားမှုကို
တချို့လူတွေက ဟာသလုပ်တတ်ကြတယ်။
တခါတလေ ကိုယ့်အတွက်
နဖူးကချွေး ခြေမကျမတတ်
ရိုးသားစွာအပင်ပန်းခံထားခြင်းကို
တချို့လူတွေကအဆင့်မတူသလိုချိုးနှိမ်
တတ်ကြတယ်။
တခါတလေ ကိုယ့်အတွက်
အမှန်တရားကို ဆုပ်ကိုင်ထားခြင်းကို
တချို့လူတွေက....ရွံ့မုန်းတတ်ကြတယ်။
တခါတလေ ကိုယ့်အတွက်
ရင်ထဲကနေ တန်ဖိုးမဖြတ်နိုင်တဲ့အရာကို
အချို့လူတွေက...အထင်သေးတတ်ကြတယ်။
ဘ၀ပေးအခြေအနေအရ
တန်ဖိုးထားပုံခြင်း မတူတာက
နားလည်ပေးလို့ရပေမယ့်....
တန်ဖိုးထားပုံခြင်းမတူတာကို
တဆင့်နိမ့်သလို ဆက်ဆံတတ်တဲ့....
အခွံသာရှိပြီး အဆံမရှိတဲ့ရပ်၀န်းမျိုး
ကိုယ့်ဆိုရင် တန်ဖိုးမထားတတ်တဲ့ရပ်၀န်းမျိုးကို
ပြတ်သားစွာ
စွန့်ခွာလိုက်ခြင်းက
ကိုယ့်အသက်ရှုသံ ပိုတန်ဖိုးရှိတာ
ခံစားမိလာပါလိမ့်မယ်
အဲဒါကြောင့်.....
ကိုယ့်ဆိုရင် တန်ဖိုးမရှိဘူးလို့
သတ်မှတ်ထားတဲ့
ရပ်၀န်းကို ရဲရဲသာ စွန့်ခွာလိုက်ပါ။
