1 w - Translate

အသက် 21 နှစ်အရွယ်မှာပဲ Dr.Thakgalo Thibela ဟာ တောင်အာဖရိကမှာ အသက်အငယ်ဆုံး အမျိုးသမီး ဆရာဝန်တစ်ဦးဖြစ်လာခဲ့ပါတယ် ၂၀၂၀ ခုနှစ်မှာ University of the Witwatersrand (Wits University) ကနေ Bachelor of Medicine and Bachelor of Surgery (MBCh ဘွဲ့ရရှိခဲ့ပြီး ဒီမှတ်တိုင်ကို ရောက်ရှိခဲ့တာပါ
သူမဟာ Helen Joseph Hospital မှာ အလုပ်သင်ကာလကို ပြီးမြောက်ခဲ့ပြီး Mapulaneng Hospital မှာ အများပြည်သူအတွက် ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်
သူမရဲ့ အရည်အချင်းတွေက ထူးချွန်ပေမယ့် လည်း တောင်အာဖရိကမှာ ဆေးဘက်ဆိုင်ရာ ဘွဲရသူ အရေအတွက် များပြားလွန်းတဲ့အတွက် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေကြောင့် သူမဟာ အချိန်အတော်ကြာ အလုပ်အတည်တကျ ရဖို့ အခက်အခဲတွေ့ခဲ့ရပါတယ်။
တစ်နိုင်ငံလုံးမှာ ဘယ်နေရာမဆို အလုပ်လုပ်ဖို့ အသင့်ရှိတယ်လို့ ဆိုပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေက နည်းပါးနေခဲ့ပါတယ်။
လပေါင်းများစွာ မသေချာမရေရာဖြစ်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ Dr. Thibela ဟာ Mapulaneng Hospital မှာ အလုပ်ရခဲ့ပြီး သူမရဲ့ ဆေးဘက်ဆိုင်ရာ အတတ်ပညာလမ်းကြောင်းမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပါတယ်။
#knowledge #ဗဟုသုတ

image