1 w - Translate

လူတွေက သနားစရာ ကောင်းပါတယ် ။ အရိပ်တွေက တစ်မျိုး ၊ အယောင်ဆောင်နေကြရတာ တစ်မျိုးနဲ့ အမြဲ စိတ်ပင်ပန်းနေကြရတယ် ။ အရိပ်တွေကို နေရောင်တွေထဲမှာ
ဒါမှမဟုတ် ညအလင်းတွေထဲမှာအပြင် ဘယ်မှာ တွေ့ရနိုင်သေးသလဲလို့ မေးရင် အရိပ်တွေကို စာတွေထဲမှာ ၊ ကဗျာတွေထဲမှာ၊ ပန်းချီတွေထဲမှာ ၊ ဂီတသံတွေထဲမှာ ထပ်ပြီး တွေ့လို့ ရသေးတာပေါ့လို့ပဲ ကျွန်တော်က ဖြေမိခဲ့မှာ ။
အရိပ်တစ်ခု ဖြစ်ပေါ်ဖို့အတွက် အမှောင်လိုတယ် ။ ဒါမှမဟုတ်လည်း နေပူထဲကို ထွက်သွားဖို့ လိုလိမ့်မယ် ။ အရိပ်တွေဟာ အရိပ်ထဲမှာ ပေါ်ထွက်မလာနိုင်ဘူးတဲ့ ။ ဘယ်လောက် သဘောကျဖို့ကောင်းလဲ။
#မေဇော်

image