Phytoplankton ကောင်လေးတွေကို microalgae လို့လည်းလူသိများပါတယ်။
ရေနေသက်ရှိ marine Biological algae လေးတွေဖြစ်တာကြောင့်ပင်လယ်ပြင် မျက်နာပြင်အထက်နားတစ်ဝိုက်မှာ ရှင်သန်နေထိုင်ကြတဲ့ သက်ရှိလေးတွေဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ phytoplankton ကောင်လေးတွေဟာ သူတို့ကိုယ်ပိုင်အစာချက်စားနိုင်မယ့် Chlorophyll ပါဝင်တာမို့နေရောင်ခြည်ကနေရတဲ့စွမ်းအင်နဲ့အစာချက်ပြီး ရပ်တည်နိုင်ပါတယ်။လေထုတစ်ခုထဲမှာရှိနေတဲ့ Nitrogen/ Sulphur /Phosphate ဒြပ်စင်တွေကို စားသုံးပြီး သူတို့အတွက်လိုအပ်တဲ့ အာဟာရကို ထုတ်လုပ်ပါတယ်။
အစာကွင်းဆက် အောက်ဆုံးကကောင်လေးတွေဖြစ်တာမို့ ကမ္ဘာပေါ်ကသက်ရှိတွေရပ်တည်ရေးအတွက် အလွန်အရေးပါတဲ့ သက်ရှိလေးတွေဖြစ်ပါတယ်။နောက်ပြီးသူတို့ကနေ ထွက်တဲ့ DMS ဓာတ်ပေါင်းဟာ လေထဲက အောက်ဆီဂျင်နဲ့ထိတွေ့ Oxidized ဖြစ်တဲ့အခါမှာ Sulphate aerosols လို့ခေါ်တဲ့ မိုးတိမ်အေးငွေ့ တွေအဖြစ်ပြောင်းလဲသွားပါတယ်။ တိမ်ဖြစ်ပေါ်လာဖို့ အကူအညီပေးတဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်ရာခိုင်နှုန်းရဲ့ ၅၀% ကိုလည်း ဒီကောင်လေးတွေဆီကနေ ထုတ်ပေးနေတာဖြစ်ပါတယ်။
အခုဒီကောင်လေးတွေကနေ ထုတ်လွှင့်လာတဲ့ Biosignature ဓာတ်ပေါင်းတစ်ခုဖြစ်တဲ့ Dimethyl sulphide (DMS) ကို ကမ္ဘာ့အပြင်ဘက် အလင်းနှစ် ၁၂၀ ခန့်အကွာအဝေးမှာရှိနေတဲ့ K2-18B ဂြိုလ်မှာတွေ့နေရတာဖြစ်ပါတယ်။
အစာကွင်းဆက်အောက်ဆုံးက သက်ရှိလေးတွေဆီကသာ ထွက်တဲ့ ဓာတ်ပေါင်းကို တွေ့ရတာမို့ ဒီသက်ရှိလေးတွေလည်းရှိနေမယ့်အပြင် အချိန်တစ်ခုကြာရင် ဒီဂြိုလ်မှာ ကျန်တဲ့ အစာကွင်းဆက်အပေါ်က သက်ရှိမျိုးနွယ်တွေရှင်သန်ပေါက်ဖွားလာနိုင်မလားဆိုတာ K2-18B ဂြိုလ်ပေါ်မှာ တည်ရှိနေတဲ့ DMS ဒြပ်ပေါင်းအချိုးအစားကို တွက်ထုတ်ခဲ့တဲ့ Cambridge university က ပညာရှင်တွေက တွေးဆနေကြတာဖြစ်ပါတယ်။
သက်ရှိတွေဖြစ်ပေါ်ဖို့လိုအပ်တဲ့ DMS ( Dimethyl sulphide ) ဟာ ဇီဝလက္ခဏာလို့ဆိုရမယ့် ကမ္ဘာပေါ်က phytoplankton သက်ရှိတွေဆီမှာသာတွေ့ရတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ဒီဒြပ်ပေါင်းတည်ရှိကြောင်းအချက်အလက်ကိုတော့ JWST telescope ကနေရတဲ့ Data ကို ၂၀၂၅ ခုနစ်မှာထပ်ရလာတာဖြစ်ပါတယ်။
K2-18B ဂြိုလ်လိုမျိုး နေအဖွဲ့အစည်းအပြင်ဘက်ကဂြိုလ် exoplanet တွေကို JWST နဲ့ Kepler space telescope တွေ ကနေထောက်လှမ်းခဲ့တာဟာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ဒီကရတဲ့ အချက်အလက်တွေကြောင့် exoplanet ၅၀၀၀ ကျော်ခန့်ကိုတော့ လောလောဆယ်တွေ့ရှိထားပြီးပါပြီ။
ကမ္ဘာ့နေအဖွဲ့အစည်းထဲမှာလည်း Jupiter ရဲ့ ဂြိုလ်ရံလ Europa မှာ ဒီလိုမျိုးစိတ်တွေရှိနိုင်မလားဆိုတဲ့data တွေကြောင့် Europa clipper mission ကို ပြီးခဲ့တဲ့ နှစ်က NASA ကနေ လွတ်တင်ခဲ့ပါတယ်။ လာမယ့် ၂၀၃၁မှာ ဒီmisson က data တွေပြန်ရလာတဲ့အခါ ကမ္ဘာ့ပြင်ပမှာ သက်ရှိတွေရှိနေသေးလားဆိုတဲ့ နောက်ထပ်အဖြေတစ်ခုသိရပါလိမ့်မယ်။

