၁ လတောင်မပြည့်သေးတဲ့ သမီးလေးကာရန်ရဲ့ ပုံတွေကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ မေမေ နီနီခင်ဇော် 🥰
နီနီခင်ဇော်က ဧပြီလနှောင်းပိုင်းမှာ မွေးဖွားခဲ့တဲ့ သမီးလေး ကာရန်ရဲ့ အမှတ်တရပုံတွေကိုကြည့်ပြီး ချစ်မဝဖြစ်နေတာပါ။ သမီးလေး မမွေးဖွားခင်တည်းက လူ့လောကထဲကို ရောက်လာမယ့်နေ့ကို ရေတွက်ရင်းရင်ခုန်စွာနဲ့ စောင့်မျှော်နေခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ သမီးလေး ကာရန်ရဲ့ ၁ လမပြည့်ခင် ရိုက်ကူးထားတဲ့ ချစ်စရာပုံရိပ်လေးတွေကြောင့် ဖေဖေနဲ့ မေမေက အချစ်ပိုနေရတာပါ။
