🌿 မန်ကျည်းရွက် ပုစွန်ခြောက်ကြော်
*********************************
အိုးထဲ ဆီထည့်၍ အပူပေးပြီးရင်
နနွင်း, ငရုတ်သီး အစိမ်းမှုန့်, ငရုတ်သီး အကြမ်းဖပ် ထည့်ပြီး
ရွလာအထိ မွှေပေးပါ။
ပါးပါးလှီးထားတဲ့ကြက်သွန်နီ / ကြက်သွန်ဖြူထည့်ပြီး
ပျော့လာတဲ့ အထိမွှေပေးပါ။
မန်ကျည်းရွက် ထည့်ပြီး
နွမ်းလာတဲ့အထိ မွှေပေးပါ။
ပုစွန်ခြောက်မှုန့်များများ ထည့်ပါ။
ဟင်းချိုမှုန့်
ငံပြာရည် ထည့်မွှေပါ။
ရေ တစ်ဖန်ခွက်ထည့်ပြီး အဖုံးအုပ်ထားပါ။
မန်ကျည်းရွက်လေးများ နူးအိပြီး ရေခန်းတဲ့ အထိတည်ပါ။
အိုးချခါနီးမှာ ငရုတ်တောင့်ရှည်များထည့်မွှေပေးပါ။
ဆီပျံလာရင်တော့ ထမင်းစားမြိန်စေတဲ့
မန်ကျည်းရွက် ပုစွန်ခြောက်ကြော် ရပါပြီ။
Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ
#crd
