လိုက်ကိုပင်း (𝙇𝒚𝙘𝒐𝙥𝒆𝙣𝒆) ဆိုတာကတော့ 𝘾𝒂𝙧𝒃𝙤𝒏 𝒂𝙩𝒐𝙢 40 နဲ့ ဖွဲ့စည်းထားတဲ့ ကယ်ရိုတင်း (𝘾𝒂𝙧𝒐𝙩𝒆𝙣𝒆) အုပ်စုဝင် မော်လီကျူး ဖြစ်ပါတယ်။ အဓိကအများဆုံးပါတာကတော့ ခရမ်းချဉ်သီးအမှည့် ဖြစ်ပါတယ်။ ကျန်အသီးအနှံတွေဖြစ်တဲ့ ဖရဲသီး၊ ပန်းသီးအခွံ၊ စတော်ဘယ်ရီသီး၊ စပျစ်သီးအနီ၊ ငရုတ်သီးအနီတွေမှာလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ခရမ်းချဉ်သီးကတော့ ပါဝင်မှု အများဆုံးပဲ ဖြစ်ပါတယ်။ နေ့စဉ်စားတဲ့ အစာရဲ့ 𝟖𝟓% သော လိုက်ကိုပင်းကို ခရမ်းချဉ်သီးမှ ရရှိပါတယ်။
လိုက်ကိုပင်းဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက်အများကြီး အထောက်အကူပြုပါတယ်။ လိုင်ကိုပင်းရဲ့ အဓိက တာဝန်ကတော့ အင်တီအောက်ဆီဒင့် (𝑨𝙣𝒕𝙞𝒐𝙭𝒊𝙙𝒂𝙣𝒕) လို့ခေါ်တဲ့ ဓာတ်တိုးဟန့်တားတာဝန်ဖြစ်ပါတယ်။ ကယ်ရိုတင်းအုပ်စုဝင်ထဲမှာ 𝘼𝒏𝙩𝒊𝙤𝒙𝙞𝒅𝙖𝒏𝙩 𝙖𝒄𝙩𝒊𝙫𝒊𝙩𝒚 အများဆုံးဟာ လိုက်ကိုပင်း ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် အဓိကအရေးကြီးတဲ့ ရောဂါကြီး ၂ ခုမှာ အသုံးဝင်ပါတယ်။
နံပါတ် (၁) ကင်ဆာရောဂါအမျိုးမျိုးကနေ ကာကွယ်ရာမှာ အဓိကဖြစ်သလို ကုသရာမှာလည်း များစွာ အထောက်အကူပြုပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ရောဂါကို ကာကွယ်ရာမှာ နံပါတ်တစ် ဖြစ်ပါတယ်။ အခြားကင်ဆာများအနေနဲ့ ဆီးအိမ်ကင်ဆာ (𝑩𝙡𝒂𝙙𝒅𝙚𝒓 𝒄𝙖𝒏𝙘𝒆𝙧) ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာ (𝘿𝒊𝙜𝒆𝙨𝒕𝙞𝒗𝙚 𝙩𝒓𝙖𝒄𝙩 𝙘𝒂𝙣𝒄𝙚𝒓) ၊ အဆုတ်ကင်ဆာ (𝙇𝒖𝙣𝒈 𝒄𝙖𝒏𝙘𝒆𝙧) ၊ အရေပြားကင်ဆာ (𝑺𝙠𝒊𝙣 𝙘𝒂𝙣𝒄𝙚𝒓) ၊ သားမြတ်ကင်ဆာ (𝘽𝒓𝙚𝒂𝙨𝒕 𝒄𝙖𝒏𝙘𝒆𝙧) ၊ သားအိမ်ခေါင်းကင်ဆာ (𝑪𝙚𝒓𝙫𝒊𝙘𝒂𝙡 𝙘𝒂𝙣𝒄𝙚𝒓) တို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
နံပါတ် (၂) နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဦးနှောက်သွေးကြောကျဉ်းရောဂါတို့ဖြစ်ပြီး 𝑯𝙚𝒂𝙧𝒕 𝑨𝙩𝒕𝙖𝒄𝙠 လို့ခေါ်တဲ့ နှလုံးသွေးမလျှောက်တော့ပဲ ရုတ်တရက် သေဆုံးခြင်းနဲ့ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါတွေကို ကာကွယ်ကုသရာမှာ အသုံးဝင်ပါတယ်။
ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ သွေးကြောတွေကျဉ်းရခြင်းရဲ့ အဓိကတရားခံကတော့ 𝙇𝑫𝙇 လို့ခေါ်တဲ့ မကောင်းတဲ့ အဆီ (𝘽𝒂𝙙 𝘾𝒉𝙤𝒍𝙚𝒔𝙩𝒆𝙧𝒐𝙡) ကြောင့် ဖြစ်ပါတယ်။ ဒီအဆီတွေဟာ သွေးထဲမှာ လှည့်လည်သွားနေရာက သွေးကြောနံရံမှာတွယ်ကပ်ပြီး 𝙊𝒙𝙞𝒅𝙖𝒕𝙞𝒐𝙣 လို့ခေါ်တဲ့ ဓာတ်တိုးဓာတ်ပြုမှုဖြစ်ကာ အဲဒီနေရာမှာ အသေတွယ်ကပ် ကျောက်ချထားပါတော့တယ်။ အဲဒီအခါ သွေးကြောနံရံတွေ ထူလာမယ်။ ပြီးတော့ အမျှင်တစ်သျှူး (𝙁𝒊𝙗𝒓𝙤𝒖𝙨 𝙩𝒊𝙨𝒔𝙪𝒆)တွေ ပါဝင်တဲ့အခါ မာလာပါမယ်။ ဒါကို သွေးကြောများမာကြော ကျဉ်းမြောင်းလာခြင်း (𝑨𝙧𝒕𝙝𝒆𝙧𝒐𝙨𝒄𝙡𝒆𝙧𝒐𝙨𝒊𝙨) လို့ ခေါ်ပါတယ်။ ဒီလိုဖြစ်ပြီးရင် သွေးကြောတွေဟာ မူလလို ပြန်မဖြစ်တော့ပါဘူး။ လိုက်ကိုပင်းဟာ 𝙇𝑫𝙇 တွေ ဓာတ်တိုးပြီး စုပုံခြင်းကို တိုက်ရိုက်ဟန့်တားနိုင်စွမ်းရှိလို့ နှလုံးသွေးကြောပိတ်ခြင်းနဲ့ လေဖြတ်ခြင်းတွေကနေ ကာကွယ်နိုင်ခြင်း ဖြစ်ပါတယ်။
လိုက်ကိုပင်းဟာ ဒီအဓိကရောဂါကြီးတွေမှာ အသုံးဝင်တဲ့အပြင် တခြားသော ကျန်းမာရေးအာနိသင်များလည်း ရှိပါသေးတယ်။ နောက်ပို့စ်တွင် ဆက်လက် ဖော်ပြပေးသွားပါမည်။
ဒေါက်တာခင်မောင်လွင် (𝑭𝘼𝑴𝙀)
#crd

image