ဗလက္ကာရချုပ်ကွက် ဘယ်လိုလဲ
ကိုယ့်လူရဲ့ အကြိုက်ဆုံးချုပ်ကွက်က ဘာလဲဆိုပြီး Ilia Topuria က Islam Makhachev ကို ကြိုမေးမယ်တဲ့။ D'arce Choke လား၊ တခြားချုပ်ကွက်လား။ မေးပြီးရင် Khabib Nurmagomedov ရှေ့မှာတင် Ilia Topuria က Islam Makhachev ကို ဗလက္ကာရပြုကျင့်ပြမယ်။ Islam Makhachev ရဲ့အကြိုက်ဆုံးချုပ်ကွက်အတိုင်းပဲ Ilia Topuria က ချုပ်ပြမယ်တဲ့။ ဝင်လုံးပြီး ချုပ်ပြမယ်လို့ ပြောတာပါ။
Islam Makhachev က ခေသူမဟုတ်ဘူး။ ခေသူမဟုတ်လို့လည်း လိုက်ဝိတ်ချန်ပီယံဖြစ်လာတာပါဲလေ။ နောက်ဆုံးချုပ်ကွက်နိုင်ပွဲတွေမှာ Charles Oliveira ၊ Dustin Poirier နဲ့ Renato Moicano တို့ကို လည်ပင်းညှစ်ထားတာပါ။ ရှေ့ကညှစ်တာ၊ နောက်ကညှစ်တာ၊ ဘေးကညှစ်တာစသဖြင့် ညှစ်နည်းမတူလို့သာ ချုပ်ကွက်နာမည်မတူပေမယ့် လည်ပင်းညှစ်တာ အတူတူပါပဲ။
နောက်ဆုံးချုပ်ကွက်နိုင်ပွဲ (၃) ပွဲလုံးမှာ Islam Makhachev က Charles Oliveira ၊ Dustin Poirier နဲ့ Renato Moicano တို့လို BJJ Black Belt တွေကိုတောင် ချုပ်လာတယ်ဆိုတာပဲ။ ပေါ့သေးသေးမဟုတ်ဘူး။ ပေါ့ကြီးကြီး။ ဆမ်ဘိုနပန်းသမားဆိုပေမယ့် ကြမ်းပြင်ပေါ်မှာ ထုထောင်းပြီး ဒိုင်ပွဲရပ်စောင့်တာထက် ချုပ်ကွက်မှာတင် ပွဲသိမ်းနိုင်တယ်။ UFC အဖွဲ့အစည်းမှာ ချုပ်ကွက်အကောင်းဆုံးဖိုက်တာ Charles Oliveira ကိုတောင် Arm Triangle Choke လုပ်လာတာပဲမလား။
ဆမ်ဘိုက လွယ်တယ်ဆိုရင် ဘရာဇီးဂျူဂျစ်ဆုလို့ ခေါ်မှာပေါ့ဆိုတဲ့ Khabib Nurmagomedov ရဲ့ အာဘော်အတိုင်းပဲ ဆမ်ဘိုကမ္ဘာ့ချန်ပီယံ Islam Makhachev က ဘရာဇီးဂျူဂျစ်ဆုခါးပတ်နက်တွေကို ချုပ်ပြထားတဲ့ သာဓကတွေက ရှိခဲ့ပါပြီ။ Ilia Topuria ကလည်း ဘရာဇီးဂျူဂျစ်ဆုခါးပတ်နက်ပဲမလား။ မူလမှတ်တမ်းအတိုင်းပဲ Islam Makhachev ချုပ်လိုက်တဲ့ ဘရာဇီးဂျူဂျစ်ဆုခါးပတ်နက်စာရင်းမှာ Ilia Topuria ပါသွားမလား။ ကြိုပြောထားတဲ့အတိုင်းပဲ Khabib Nurmagomedov ရှေ့မှာတင် Ilia Topuria ကပဲ Islam Makhachev ကို ဗလက္ကာရပြုကျင့်သွားမလား စောင့်ကြည့်ပါဦးမယ်။
