Crown နဲ့ Mark II ဘယ်ဟာပိုကောင်းလဲ?
ဆရာလုပ်ခြင်း မဟုတ်ပါ၊ Crown ဆိုတာ E Segment (Executive Car) ထဲ ကဖြစ်ပြီး Mark II ဆိုတာတော့ D segment (Large Family car ထဲက ပါ။
Crown နဲ့ Cedric ဘယ်ဟာ ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းမျိုးသာ မျှတပြီး အဓိပ္ပာယ်ရှိပါတယ်။ Crown နဲ့ Mark II ဟာ စျေးလဲ မတူ၊ size လဲ မတူသလို Segment လဲ မတူပါဘူး။
Mercedes စကားနဲ့ ပြောရရင် Crown ဟာ E-class ဖြစ်ပြီး Mark II ဟာ C-class ဖြစ်ပါတယ်။ ဒါဟာ အထင်ရှားအလွယ်ကူဆုံး ဥပမာပါ။
(Mark II ဟာ Segment အရတော့ D ဖြစ်ပေမယ့်၊ သူ့ခေတ်အခါက Mercedes C Class ထက် အတွင်းခန်းပိုသားနားပါတယ်) . D segment ထဲမှာ Toyota Camry, Kia Optima, BMW 3 series လိုကားတွေလဲပါဝင်ပါတယ်။
Crown Majesta ကိုတော့ Crown ထက်အနည်းငယ်သာရှည်ပေမယ့် အမျိုးအစားခွဲခြားမှုက F segment (Full size) လို့ ခေါ်ပါတယ်။ Full size ကားများကတော့ Toyota Celsior, Nissan CIMA, Mercedes S class, BMW 7 series , Audi A8, Lexus LS လိုကားတွေပါ။
