လူတစ်ယောက်ကို အပူပင်ကင်းကင်းနဲ့ ချစ်ချင်တယ်
သဝန်တိုတာ၊ မယုံကြည်တာမရှိဘဲ အေးအေးချမ်းချမ်း ချစ်ချင်တယ်
ချစ်တဲ့သူကိုလည်း အဲ့အတိုင်းလေး ဖြစ်စေချင်တယ်
ယုံကြည်မှုရှိပြီး သံသယကင်းကင်းနဲ့ ချစ်စေချင်တယ်
အနီးကပ်မဟုတ်ရင်တောင်
အဝေးကနေလည်း ဂရုစိုက်ပေးချင်တယ်
လိုတဲ့အချိန်တွေမှာ ရှိပေးပြီး
ဝမ်းနည်းနေတဲ့အခါ နှစ်သိပ့်ပေးချင်တယ်
ဘယ်သူ့ကို ဘယ်သူမှ စိတ်မဆိုး စိတ်မကောက်ဘဲ
အေးဆေးတည်ငြိမ်တဲ့ ဆက်ဆံရေးလေးတစ်ခုဖန်တီးချင်တယ်
လူတစ်ယောက်ကို ပူပူလောင်လောင်ချစ်နေတာထက်
အေးအေးချမ်းချမ်းလေးပဲ ကျွန်တော်ချစ်သွားချင်တယ်
