2 w - Translate

သစ်သားနှစ်ထပ်အိမ်ကလေးတွေမရှိတော့ဘူး။
သွပ်ခေါင်မိုးပေါ် မိုးစက်တဖြောက်ဖြောက်သံ
တွေ မကြားရတော့ဘူး။ တမေ့တမော
ထိုင်လို့ကောင်းတဲ့ လက်ဖက်ရည်ဆိုင်တွေ
မရှိတော့ဘူး။ ရေဒီယို နှစ် ၂ဝ တေးတွေ
မကြားရတော့ဘူး။ မိုးရေထဲ ညွှတ်ကိုင်းနေတဲ့
ဗာဒံပင်တွေ မရှိတော့ဘူး။ ဒီနေရာ၊
ဒီမြို့နယ်၊ ဒီရပ်ကွက်မှာ နေသော်လည်း
ဒီနေရာ၊ ဒီမြို့နယ်၊ ဒီရပ်ကွက်ဟာ မရှိတော့ဘူး။
ပြန်မလာသူတို့လည်း ဘယ်တော့မှ
ပြန်မလာကြတော့ဘူး။ တစ်ခါတလေ
ကိုယ့်လူငယ်နေ့တွေကို သတိရလို့
ပြန်ငေးမိတော့ မမြင်ရတဲ့ သစ်ပင်တွေက
သစ်ရွက်တွေ တဖွဲဖွဲကြွေလွန်းလိုက်တာလေ။
- - လွင်မောင်မောင် - -

image