ညီဖြစ်သူ အသတ်ခံရမှုအတွက် တရားခံက်ု လက်စားပြန်ချေဖို ကြိုးစားတဲ့အခါ
Nocturnal
2025 ‧ Crime/Thriller ‧ 1h 39m
အားလုံး စောင့်မျှော်နေကြတဲ့ မင်းသားကြီးများစွာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ရုံတင် အက်ရှင်မှုခင်းဇာတ်ကားသစ်လေးက နောက်ဆုံးတော့ ထွက်ရှိလိုလာပါပြီ။
- ဇာတ်လမ်းအကျဉ်း -
ဘယ်မင်ထယ် (Ha Jung-Woo) က ယခင်က ဂန်းစတားဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဆောက်လုပ်ရေးလုပ်သားအဖြစ်
လုပ်ကိုင်နေသူပါ။ တစ်နေ့မှာ မင်ထယ် ညဘက်အိပ်နေတုန်း ညီဖြစ်သူဆော့ထယ်က ဖုန်းဆက်လာခဲ့ပေမဲ့ မင်ထယ်က
မကိုင်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဆော့ထယ်နဲ့ အတော်ကြာအဆက်အသွယ်မရဘဲ ရက်အနည်းငယ်ကြာတဲ့အခါမှာတော့
ဆော့ထယ်ကို သွေးရာတွေအပြည့်နဲ့ အလောင်းအဖြစ်နဲ့ပဲ ပြန်တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော့ထယ်နဲ့
အတူနေထိုင်နေသူဖြစ်တဲ့ ချာမွန်းယောင်း (Yoo Da-In) လည်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။
ဒါကြောင့် မင်ထယ်လည်း ညီဖြစ်သူကို သတ်တဲ့ လူသတ်သမားကို သိရဖိုအတွက် သဲလွန်စတွေ လိုက်စုံစမ်းရင်း
စာရေးဆရာ ဂန်ဟိုယောင်း (Kim Nam-Gil) ရဲ့ ရောင်းအားအကောင်းဆုံး "ညခရီး"ဆိုတဲ့ ဝတ္ထုစာအုပ်နဲ့
ဆက်စပ်နေမှန်း သိလိုက်ရပါတယ်။ ဒါ့အပြင် ထူးဆန်းတဲ့နောက်တစ်ချက်က ချာမွန်းယောင်းမပျောက်ခင်
နောက်ဆုံး ဖုန်းဆက်ထားတဲ့သူက ဂန်ဟိုယောင်းဖြစ်နေတဲ့အခါမှာတော့...
ဆော့ထယ်သေဆုံးမှုရဲ့ နောက်ကွယ်က အဓိကတရားခံက ဘယ်သူဖြစ်မလဲ...
ဂန်ဟိုယောင်းရဲ့ ဝတ္ထုနဲ့ရော ဘယ်လိုဆက်စပ်နေတာဖြစ်မလဲ...
မွန်းယောင်းကလည်း ဘာလို ပျောက်ဆုံးသွားသလဲဆိုတာကို ဘယ်မင်ထယ်နဲ့အတူ အဖြေရှာကြည့်ရင်း
ပဟေဠိဆန်ဆန် ကြည့်ရှုရမဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။
