2 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမား ငါးသိန်းခန့်ကို စစ်ဆေး မြန်မာပါဝင်သည့် အလုပ်သမား ၂၅၀၀ ကျော် အရေးယူခံရ
ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမား ၅ဝဝဝဝဝ ခန့်ကို စစ်ဆေးခဲ့ရာ အလုပ်သမားဥပဒေကို ချိုးဖောက်သူ မြန်မာအလုပ်သမား ၂၅၇၅ ဦးအား ဥပဒေအရအရေးယူခဲ့ကြောင်း ထိုင်းအလုပ်သမားရေးရာဌာနမှ ဧပြီ ၂၁ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။
၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂ဝ၂၅ ခုနှစ် ဧပြီ ၁၈ ရက်အထိ နိုင်ငံတစ်ဝန်းရှိ နိုင်ငံခြားသားအလုပ်သမားများ ခန့်အပ်ထားသည့် စီးပွားရေးလုပ်ငန်း ၃၈၇၃၄ ခုကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် ၁၃၂၉ ခုသည် ဥပဒေချိုးဖောက်မှုအတွက်တရားစွဲဆိုခံခဲ့ရကြောင်း ထုတ်ပြန်ချက်အရသိရသည်။
၎င်းကာလအတွင်း နိုင်ငံခြားသားအလုပ်သမား ၅၂၃၇ဝ၆ ဦးကို စစ်ဆေးခဲ့ပြီးအများစုမှာ မြန်မာနိုင်ငံသား ၃၉၈၄၉၃ ဦး၊ ထို့နောက် ကမ္ဘောဒီးယားနိုင်ငံသား ၇ဝ၃၇၁ ဦး၊ လာအိုနိုင်ငံသား ၃၂၉၈၃ ဦး၊ ဗီယက်နမ်နိုင်ငံသား ၅၂၂ ဦး၊ တရုတ်နိုင် ငံသား ၉၁၈၉ ဦးနှင့် အခြားနိုင်ငံများမှ ၁၂၁၄၈ ဦး တို့ ဖြစ်ကြကြောင်း သိရသည်။
စစ်ဆေးခံရသူများအနက် နိုင်ငံခြားသား ၂၅၇၅ ဦးသည် ဥပဒေအရ အရေးယူခံရပြီး ယင်းတို့အနက် ၈၈၃ ဦးသည် ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်များတွင် လုပ်ကိုင်ခြင်းအတွက် စွဲချက်တင်ခံရပြီး ၎င်းတို့တွင် မြန်မာနိုင်ငံသား ၄၈၁ ဦး၊ ကမ္ဘောဒီးယား ၁၃၉ ဦး၊ လာအို ၁ဝ၉ ဦး၊ အိန္ဒိယ ၂၄ ဦး၊ ဗီယက်နမ် ၅၄ ဦး၊ တရုတ် ၂၁ ဦးနှင့် အခြား နိုင်ငံများမှ ၅၅ ဦးတို့ ပါဝင်နေကြောင်း သိရသည်။
နိုင်ငံခြားသားများ အရေးယူခံရသော အမှု များမှာ ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင် များဖြစ်သည့် ကုန်ပစ္စည်းရောင်းချခြင်း၊ ဆံပင်ညှပ် ခြင်း၊ ယာဉ်မောင်းခြင်းနှင့် အနှိပ်ခန်း ဝန်ဆောင်မှုတို့ ပါဝင်ကြောင်း သိရသည်။

image