2 w - Translate

ထောက်ကြန့်လမ်းဆုံက Yite နှက်ခံနေရတဲ့ ကလေးဘက်ကနေပြီး လိုအပ်သလို ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ ခိုင်နှင်းဝေ ❤️
ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ ကို ဦးဆောင်နေသူ သရုပ်ဆောင် ခိုင်နှင်းဝေက သူမထံသို့ပို့ပေးကြတဲ့ ဗီဒီယိုတွေကို မြင်တွေ့ပြီးပြီလို့ပြောပါတယ်။ သူမဟာ လက်ရှိ အလှူခရီးစဉ်တစ်ခုကြောင့် ချက်ချင်းမသွားနိုင်ပေမယ့် စုံစမ်းပြီး ကလေးလေးဘက်ကနေ လိုအပ်သလို ဆောင်ရွက်ပေးသွားမယ်လို့ စိတ်ပူနေတဲ့ ပရိသတ်ကြီးကို အသိပေးလာပါတယ်။ အဆိုပါဗီဒီယိုတွင် ၃ နှစ်ကျော်ကလေးကို မိခင်ဖြစ်သူက ၁ နှစ်ကျော်ကလေးနှင့်အတူ တောင်းရမ်းခိုင်းရာမှ ကလေးငယ်လေးပျောက်ဆုံးသွားလို့ အကြီးမလေးကို yite နှက်နေတာဖြစ်ပါတယ်။ ထိုဗီဒီယို အွန်လိုင်းမှာ တခဏချင်းပျံ့နှံ့လာပြီး အွန်လိုင်းသုံးစွဲသူတွေက ကလေးလေးအတွက် စိတ်ပူပန်သောကရောက်နေခဲ့ကြတာပါ။

#crd
#celenews

image