2 ပတ် - ဘာသာပြန်ပါ။

Samsung TV တွေ ကမ္ဘာ့နံပါတ်တစ်ဖြစ်စေခဲ့သူ ကွယ်လွန်

တောင်ကိုရီးယားရဲ့ အကြီးဆုံးနည်းပညာလုပ်ငန်းစုဖြစ်တဲ့ Samsung Electronics ပူးတွဲ CEO ဟန် ဂျုံးဟီးဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ဒီတစ်ပတ် ကျင်းပမယ့် Samsung ရဲ့ Bespoke AI ပွဲမှာ keynote speech ပေးဖို့ ပြင်ဆင်ထားတဲ့ ဟန်ဟာ စနေနေ့က ရုတ်တရပ်နှလုံးဖောက်ပြီး ဆေးရုံမှာ ကုသမှုခံယူချိန် ဆုံးပါးသွားခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အသက် ၆၃ နှစ် ရှိပြီ ဖြစ်ပါတယ်။

ဟန်ဟာ Samsung ဒီဂျစ်တယ်လူသုံးကုန်ဌာနနဲ့ ထုတ်ကုန်ပိုင်းကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး ဒီဌာနတွေက ဖုန်းနဲ့ အိမ်သုံးအီလက်ထရွန်းနစ်ပစ္စည်းတွေ ထုတ်လုပ်တာပါ။ ၁၉၈၈ ကတည်းက Samsung TV ထုတ်လုပ်ရေးမှာ အလုပ်ဝင်ခဲ့တဲ့ သူဟာ Samsung ကို ၁၉ နှစ်တိုင်တိုင် ကမ္ဘာ့နံပါတ်တစ် TV brand ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

image