ကျေးဇူးမတင်ပါနဲ့ ပိုက်ဆံပိုကုန်လို့ပါ
ကျေးဇူးတင်ပါတယ်လို့ စားပြီးပြီလားလို့ နေကောင်းလားလို့ မေးတာ crush လည်း မကြိုက်သလို ChatGPT လည်း မကြိုက်ပါဘူး။ Crush ကတော့ ဘာလို့မကြိုက်လဲ မပြောတတ်ပေမဲ့ ChatGPT ကတော့ ပိုက်ဆံပိုကုန်လို့ပါ။
ChatGPT ကို “Please” နဲ့ “Thank You” လိုမျိုး ရိုးရှင်းတဲ့ စကားလုံးတွေပြောရင်တောင် ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်လဲဆိုပြီး X မှာ Tomie ဆိုတဲ့ user တစ်ယောက်က ပိုစ့်တင်ခဲ့တာပါ။ ဒီပိုစ့်ကို Sam Altman ကိုယ်တိုင် ပြန် reply ပြန်ခဲ့တာပါ။ ChatGPT ကို မေးခွန်းတွေမေးတာထက် “Please” နဲ့ “Thank You” လို့ ပြောတဲ့အခါတွေမှာ ကုမ္ပဏီက ဒေါ်လာသန်းနဲ့ချီ ပိုပြီးကုန်ကျတယ်လို့ ပြောလာတာပါ။
