. 🙏👉 ငါ့-ကိုယ်ငါ…ကယ်မှဖြစ်မယ်…
🍁 ငါ့ဘဝရဲ့ ၊
အကြီးမားဆုံး ၊ ရန်သူဟာ... ငါပဲ ။
🍁 ငါ့ဘဝရဲ့ ၊ အကောင်းဆုံး ၊
လက်တွဲဖော်ဟာလည်း... ငါပဲ ။
🍁 တခြားဘယ်သူကမှ ၊
ငါ့ရန်သူ ၊ စစ်စစ်မဟုတ်ပါဘူး ။
🍁 ငါ့ဘဝရဲ့ ၊
ကောင်းခြင်း ၊ ဆိုးခြင်းတွေကို ၊
🍁 ငါကိုယ်တိုင်ပဲ ၊
ပြုစီမံခဲ့တာပါ ၊ ဖန်တီးခဲ့တာပါ ။
🍁 ငါ့ဘဝရဲ့ အဓိပ်ပါယျကို
ငါကိုယ်တိုင်ပဲ.... ရွေးချယ်ခဲ့တာပါ ။
🍁 ငါ့ဘဝရဲ့ တန်ဖိုးကို ၊
ငါကိုယ်တိုင်ပဲ ၊ အတင်အကျလုပ်ခဲ့တာပါ ။
🍁 အန္ဓတို့ရဲ့ ၊ လမ်းစဉ်ကို
ဆွဲချခဲ့တာလည်း ၊ ငါပါပဲ ။
🍁 သူတော်စဉ်တို့ ရဲ့ ၊ မှတ်တမ်းမှာ
မော်ကွန်းရေးထိုးနိုင်တာလဲ..ငါပါပဲ ။
🍁 ဒုဂ္ဂတိဘဝက လွတ်ချင်လို့ ၊
အပါယ်လေးပါးက ၊ တတ်လာခဲ့တာ ၊
🍁 သုဂတိဘဝရောက်နေတယ်ဆိုပြီး ၊
ငါ့ဘဝကို ၊ စိတ်ချလက်ချ ၊
🍁 ဘယ်တော့မှ ၊ နေလို့မရသေးပါဘူး ။
(ငါ )လူ့ဘဝကို ၊ အလွဲသုံးစားလုပ်ရင် ၊
ငါဟာ...အပါယ်၄ပါး ၊ ပြန်ရောက်သွားနိုင်တယ်…
( အပ္ပမာဒတရား အမြဲလက်ကိုင်ထားကြပါစို့…)🌷🙏🌷🙏🌷🙏
