ဆုန်ခရန် ပွဲတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ထိုင်း ရဲ့ ပထမဆုံး AI ရဲ စက်ရုပ်
===========================================
ထိုင်း ရဲတပ်ဖွဲ့က ဆုန်ခရန် ပွဲတော်မှာ အများပြည်သူ လုံခြုံရေးအတွက် AI ရဲ စက်ရုပ်ကို တာဝန်ပေးခဲ့ပြီး ထိုင်းရဲ့ ပထမဆုံး AI ရဲ စက်ရုပ် ဖြစ်ပါတယ်။ စက်ရုပ်ဟာ Nakhon Pathom မှ Tonson လမ်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ထိုင်း ရဲတပ်ဖွဲ့က စက်ရုပ်ကို “AI Police Cyborg 1.0” လို့ အမည်ပေးထားပါတယ်။ စက်ရုပ်မှာ အလိုရှိနေတဲ့ ရာဇဝတ်သားတွေနဲ့ အန္တရာယ်ရှိသူတွေကို ထောက်လှမ်းနိုင်တဲ့ Facial Recognition နည်းပညာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် တုတ်၊ ဓါး စတဲ့ လက်နက်တွေကိုလည်း ရှာဖွေနိုင်ပါတယ်။ AI နည်းပညာပါလာပြီး ဒရုန်းနဲ့ CCTV မှ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။
စက်ရုပ်ရဲ့ ၃၆၀ ဒီဂရီ စမတ် ကင်မရာတွေကို ပြည်နယ်ရဲ့ Command Center နဲ့ ချိတ်ဆက်ထားပါတယ်။ ပြဿနာ ဖြစ်ပွားရင် Command Center က ချက်ချင်းသိနိုင်ပါတယ်။
ထိုင်း တော်ဝင် ရဲတပ်ဖွဲ့က အဲဒီ စက်ရုပ်ကို Facebook ကနေ ဧပြီလ ၁၆ ရက်နေ့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။
