ထိုင်းစတိုင်လ် သရက်ယိုခြောက်
အခြောက်လှန်းထားတာ
အကြာကြီးအထားခံတယ်နော်
မန့်မှာ မူးရင်းlink
ရင်ကွဲသရက်သီး... ၅လုံး
ဆား....၁ဇွန်း
ရှာလကာရည်.... ၂ ဇွန်း(or)သံပုရာသီးတခြမ်း
သကြား.... 300g (အချိုကြိုက်ရင်ပိုထည့်ပါ)
ရေ....အနည်းငယ်
ထုံး....အနည်းငယ် (စိမ်ရန်)
သရက်သီးကို အခွံနွှာပြီး
အနေတော်လှီးဖြတ်ထားပါ
ပြီးရင် ထုံးရည်နဲ့ အနည်းဆုံး၂နာရီ စိမ်ထားပါ
ရေဆေးပြီ အိုးထဲထည့်
သကြား ဆား ရှာလကာရည်(သံပုရာသီး) ရေအနည်းငယ်ကိုသရက်သီးထဲထည့်မွှေ သကြားအရည်ပျော်ရင် မီးဖွင့်ပြီး တည်ထားပါ မကြာမကြာမွှေပေးပါ
အိုးမကပ်အောင်လို့နော်
အရည်ခန်းရင် ပုံထဲကလိုဆိုရင် ရပြီနော်
ပြီးရင် နေလှန်း ၂ရက်လောက်လှန်းရင်အတော်ပဲ
အခြောက်ဆို ၃ရက်လောက်လှန်းမှ အဆင်ပြေမှာ
ခြောက်ရင်
ဗူးထဲထည့်( ရေခဲသေတ္တာထဲလည်း သိမ်းထားလို့ရတယ်) စားချင်တဲ့အချိန်ထုတ်စား😋😋
အရသာက ချိုချဥ်လေး စားကောင်းနေရော😋😋
