ပိုလီယိုကလေးလေးကိုမွေးစားပြီး ၁၆ နှစ်ကြာ ပြုစုစောင့်ရှောက်ခဲ့တဲ့ မေတ္တာတရားကြီးမားလွန်းသူ မိခင်ကို ငွေကျပ် ၁၀ သိန်းသွားရောက်လှူဒါန်းခဲ့တဲ့ မေပန်းချီ 🥰
သူမကတော့ မိခင်ရဲ့ မေတ္တာတရားကြီးမားပုံကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ သားသမီးအရင်းမဟုတ်ပေမယ့် ရင်နှင့်သည်းခြာ ချစ်မြတ်နိုးပြီးပိုလီယိုကလေးလေးကို စောင့်ရှောက်ခဲ့တဲ့ မိခင်ကို သွားရောက်လှူဒါန်းခဲ့တာပါ။ အဆိုပါ မိခင်ဟာ ကလေးလေးကို ၁၁ ရက်သားတည်းက မွေးစားထားခဲ့ပြီး နို့ဗူးတိုက်ကာ ယခု အသက် ၁၆ နှစ်တိုင်အောင် ပြုစုစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ မေပန်းချီနဲ့အတူ အခြားသော မိတ်ဆွေများကလည်း အလှူငွေများထည့်ဝင်လှူဒါန်းပြီး အလှူငွေစုစုပေါင်း ၁၈ သိန်းကို သွားရောက်ပေးအပ်ခဲ့တာပါ။
