ကြည့်ပြီးရင် နောင်တရမယ့် Jason Statham ဇာတ်ကားအသစ် A Working Man
ပုံမှန်ဆို Jason Statham ဇာတ်ကားတွေက ကောင်းနေကြပါ။ ဒါပေမယ့် A Working Man ကတော့ ဖြစ်သလိုကြီးရိုက်ထားတဲ့ ဇာတ်ကားလို့ မြင်မိတာတော့ အမှန်ပဲ။ Plot ဆိုလည်း တော်တော်လေးချာတဲ့ထဲကိုပါတာပါ။
The Beekeeper တုန်းက ကောင်းခဲ့သလောက် A Working Man က တော်တော်လေး ပျင်းစရာကောင်းအောင်ကို ခံစားရတဲ့ဇာတ်ကားတစ်ကားပါ။ ပြောရရင်တော့ The Beekeeper ကြည့်ပြီးလို့ A Working Man ကိုကြည့်ရင် ဆီနဲ့ရေလို တခြားစီဖြစ်နေတာကိုတွေ့ရမှာပါ။
ဇာတ်လမ်းတွေက ရိုးနေလို့ အစကနေ အဆုံးထိကို ကြည့်တဲ့သူကို ဆွဲခေါ်မသွားနိုင်တော့ဘူးလို့မြင်မိပါတယ်။ (တစ်ဦးတည်းအမြင်)
Fight Scene တွေအရမ်းနည်းတယ်။ နောက်ဆုံး Fight ခန်းတွေဆိုရင် ပေါ့ပေါ့ကြီးကြီးနဲ့ မြင်ဖူးနေကြ Action ပြကွက်တွေကို ပြန်မြင်နေရသလိုကို ခံစားရတာပါ။
တကယ်တော့ A Working Man က Liam Neeson ရဲ့ Taken အထာဖမ်းချင်ပေမယ့် အထာဖမ်းလို့မရအောင်ကို ဇာတ်လမ်းကို ကန့်လန့်ကြီးပုံဖော်ထားပြီး The Beekeeper လိုလုပ်ချင်တာတွေလည်း ရှိခဲ့ပုံပေါ်ပေမယ့် လုပ်ခွင့်မရလိုက်တာတွေလည်းတွေ့ရပါတယ်။
ပထမ ဇာတ်လမ်းမှာ ရုရှားလူဆိုးတွေက ကောင်မလေးကို ဖမ်းသွားတာနဲ့စထားပြီး သူ့အလုပ်ရှင်သမီးကိုကယ်ဖို့ Jason Statham က လိုက်စုံစမ်းတယ်ပေါ့။ နောက်ဆုံး လူဆိုးဂိုဏ်ထဲကို ဝင်ချင်သလိုသလို မဝင်ချင်သလိုလိုနဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်သွားပြီး အလုပ်ရှင်သမီးကိုကယ်လိုက်တာနဲ့ အဆုံးသတ်ထားပါတယ်။
ကြည့်ပျော်ရှုပျော်ရှိလားဆိုရင် အရမ်းကြီးကောင်းတဲ့ Action ဇာတ်ကားထဲမပါတော့ အချိန်ပေးပြီးကြည့်ဖို့ Recommend တော့ မပေးပါဘူး။
ကိုယ်ပိုင်အမြင်နဲ့ဆိုရင် The Beekeeper လောက် Action တွေမသွက်ဘူး။ ဇာတ်လမ်းသွားနှေးပြီး ပြချင်တာတွေများနေသလို ဟာကွက််တွေများပြီး တစ်ခုခုလိုနေတယ်ခံစားစေရမယ့် ဇာတ်ကားတစ်ကားပါပဲ။
အဆုံးသတ်အနေနဲ့ပြောရရင်တော့ A Working Man ကို Poster ကြည့်ပြီးကြိုက်လို့ကြည့်ခဲ့တယ်ဆိုရင် တော်တော်လေးနောင်တရမဆုံးဖြစ်စေမိမယ့် ဇာတ်လမ်းလို့ပဲပြောပါရစေ။ ကြည့်မိတယ်ဆိုရင်တော့ အိပ်ငိုက်မိမှာတော့ အမှန်ပါပဲ။
Rating အနေနဲ့ သတ်မှတ်ပြီးပေးရမယ်ဆိုရင်တော့ 4/10 လောက်ပဲပေးချင်ပါတယ်။

image