လူ့အသိုင်းအဝိုင်းမှာချစ်ခြင်းမေတ္တာထက်
ပိုလိုအပ်တဲ့အရာကနွေးထွေးမှုပဲ။
နေမကောင်းတဲ့အခါစကားမပြောဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ဆီက ဂရုစိုက်နော်ဆိုတဲ့စကားသံ၊ဈေးသွား၀ယ်တိုင်းသမီးစားဖို့ဆိုပြီး
ပေါင်မုန့်တစ်လုံးကိုအမြဲတမ်းအပိုပေးတတ်တဲ့
စတိုးဆိုင်က အဒေါ်ကြီး။
ဘတ်စ်ကားဂိတ်မှာနေ့တိုင်း ဘတ်စ်ကားတစ်စီးကိုအတူစောင့်ရင်းစကားစမြည်းပြောဖြစ်ခဲ့တဲ့ဦးလေးကြီး။
စိတ်၀င်စရာမကောင်းတဲ့ TV Show တွေအကြောင်းပြောတဲ့အခါ အသေအချာနားထောင်ပေးတတ်တဲ့ သူငယ်ချင်း။
ငိုနေတဲ့ကလေးတစ်ယောက်ကို ပေးခဲ့ဖူးတဲ့ သကြားလုံးလေး။
၀မ်းနည်းနေတဲ့အချိန် ရေခဲမုန့်၀ယ်ကျွေးခဲ့တဲ့တစ်စုံတစ်ယောက်။
မိုးအေးတဲ့နေ့တွေမှာခေါက်ဆွဲဘူးတွေလာပေးတတ်တဲ့ အခန်းဖော်။
ရုပ်ရှင်ကားအသစ်ထွက်တိုင်းဒါအစ်မကြိုက်တဲ့ဇာတ်လမ်းမျိုးပဲဆိုပြီးလာမျှဝေတတ်တဲ့ဘေးအိမ်ကကောင်မလေး။
စံပယ်ပန်းတွေကိုမနက်တိုင်း ခြံရှေ့မှာ လာချိတ်ပေးတတ်တဲ့ လမ်းထိပ်ကကလေးလေး။
ချစ်တယ်လို့ပြောစရာမလိုဘူး။
တကူးတကချစ်ပြနေရတာလည်းမဟုတ်ဘူး။
ဒီအတိုင်း တစ်စစီ ပြိုလဲနေတဲ့ ကမ္ဘာကြီးထဲမှာ
သူစိမ်းတစ်ယောက်ကသူစိမ်းတစ်ယောက်ကို
အကောင်းဆုံးပေးနေတဲ့နွေးထွေးမှုပဲ။
