2 နှစ်များ - ဘာသာပြန်ပါ။

ဘန်ကောက်မှာ ပထမဆုံး Datacenter ဆောက်တော့မယ့် Microsoft

နည်းပညာအကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Microsoft ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကြီမှာ သူတို့ရဲ့ ပထမဆုံး Datacenter ကြီးကို တည်ဆောက်တော့မယ့်အကြောင်းကို Microsoft ရဲ့ CEO Mr Nadella က မေလ ၁ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအတွင်း AI အခြေခံထားသော နည်းပညာများ တိုးတက်ပြောင်းလဲစေဖို့ ရည်ရွှယ်ခဲ့တာပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ယခုဆောက်လုပ်သွားမယ့် Azure Datacenter ကြီးမှာဆိုရင် ရင်းနှီးမြုပ်နှံမှု ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိရှိကြောင်း သိရပြီး ကမ္ဘာတစ်ဝှမ်းမှာ ဆောက်လုပ်ထားတဲ့ Datacenter ကြီးတွေအနက် တစ်ခုအပါအဝင်ဖြစ်လာတော့မှာပါ။

မနေ့ကပွဲမှာ Microsoft CEO Mr. Nedalla ပြောပြသွားတဲ့ အချက်တွေဆိုရင်တော့ …

ဒီ Datacenter အသစ်ကြီးမှာဆိုရင်တော့ AI Infrastructure နဲ့အတူ ကုမ္ပဏီမှ Cloud Server များကို တည်ဆောက်သွားမှာဖြစ်ပြီး အခုလို Datacenter ဆောက်သွားမယ့်အပေါ်မှာ ထိုင်းနိုင်ငံသားတွေဟာ AI နည်းပညာတွေ၊ IT နဲ့ Data Careers ပိုင်းတွေမှာ သင်ယူလေ့လာနိုင်ဖို့ အခွင့်အလမ်းတွေ ပိုမို ရရှိစေမယ့်အပြင် နိုင်ငံရဲ့နည်းပညာတိုးတက်မှုအပေါ်မှာလည်း အကျိုးပြုပေးသွားဦးမှာပါ။

Microsoft ဟာ ၂၀၂၅ မတိုင်ခင်အတွင်း ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှာ လူပေါင်း 2.5 သန်းလောက်အတွက် အခွင့်အလမ်းများစွာကို AI နည်းပညာဖြင့် ပံ့ပိုးပေးသွားမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ မဝေးတော့တဲ့ အနာဂါတ်ကြီးကို AI နှင့် တည်ဆောက်ဖို့ မယုံနိုင်လောက်အောင် အခွင့်အလမ်းများစွာရှိတဲ့နိုင်ငံဖြစ်တယ်လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီတည်ဆောက်မှုကို မကြေညာခင် အစောပိုင်းကာလမှာတော့ Microsoft ဟာ ဂျပန်နိုင်ငံမှာ တည်ဆောက်ဖို့အတွက် လျာထားခဲ့တာပဲဖြစ်ပါတယ်။ Microsoft လိုပဲ Datacenter တည်ဆောက်သွားမယ့် အခြားကုမ္ပဏီကြီးများဆိုရင် Amazon Web Service နဲ့ Google တို့လည်း အပါအဝင်ဖြစ်ပြီး မကြာသေးတဲ့ အချိန်တွေက ကြေညာသွားခဲ့ပြီပဲဖြစ်ပါတယ်။

image