အမော်ရင်ကတော့ သူ ပြောခဲ့သလိုပါပဲ။ ၀ုလ်ဗ်ကို ရှုံးခဲ့တဲ့ ညကပွဲမှာ လူငယ်လေးတွေကို စတင်အသုံးပြုလာပြီး အဓိကကစားသမားတွေ အနားပေးထားခဲ့ပါတယ်။ ဒုတိယပိုင်းမှ တချို့ကို ထည့်သွင်းခဲ့ပြီး ပရီးမီးယားလိဂ်ဘက်ကို အာရုံကို မစိုက်တော့ပါဘူး။
တန်းမဆင်းရဖို့အတွက်လည်း သေချာသွားပြီဆိုတော့ ယူရိုပါလိဂ်ကို မဲတင်းတော့မှာပါ။ ပရီးမီးယားလိဂ်မှာ ဘယ်အဆင့်ရောက်ရောက် ဘာမှမထူးတော့မှာမို့ သူ့လုပ်ရပ်က မှန်တယ်လို့ပြောရမှာပဲ။ ၀ုလ်ဗ်လည်း တန်းမဆင်းရဖို့အတွက် သေချာသွားပါပြီ။
ဒါပေမယ့် ယူနိုက်တက်ဟာ အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလုပ်ရမယ်ဆိုတာက ငြင်းမရပါဘူး။ သူတို့ပိုင်ဆိုင်ထားတဲ့ အရန်ကစားသမားအများစုက ဘယ်လိုမှ သုံးမရအောင်ကို ဖြစ်နေပါပြီ။
