11 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်ဆီကို လိဒ်ယူနိုက်တက်တို့ ပြန်လာပါပြီ။ ညက ၆ဂိုးပြတ်နိုင်ပွဲကို ယူပြီးနောက် လက်ကျန် ၂ပွဲအလိုမှာပဲ တိုက်ရီုက်တန်းတက်ခဲ့တာပါ။ လိဒ်နဲ့အတူ ဘန်လေလည်း တန်းပြန်တက်နိုင်ခဲ့ပြီး ချန်ပီယံရှစ်ကနေ တန်းတက်ခွင့် တနေရာအတွက် ပလေးအော့ပွဲတွေကို စောင့်ကြည့်ရပါတော့မယ်။
လိဒ်ယူနိုက်တက်ဟာ ၈၉ ဂိုးအထိ သွင်းခဲ့‌ပြီး တိုက်စစ်အားအကောင်းဆုံးအသင်းအဖြစ် ရှိနေခဲ့ပါတယ်။ တိုက်စစ်ပိုင်း အားသာချက်နဲ့ပဲ သူတို့က နိုင်ပွဲတွေရခဲ့ပြီး ပရီးမီးယားလိဂ်ဆီ ပြန်ရောက်လာခဲ့တာပါ။ တဖက်မှာ ဘန်လေကလည်း ခံစစ်ပိုင်းအကောင်းဆုံးအသင်းအဖြစ်ရှိခဲ့ပြီး ၄၄ ပွဲမှာ ၁၅ ဂိုးတည်းသာ ပေးထားရတာပါ။ သူတို့နဲ့ ထိုက်တန်တဲ့နေရာတွေပါပဲ။
ချန်ပီယံဘယ်အသင်းဖြစ်မလဲဆိုတာ လက်ကျန် ၂ပွဲက ဆုံးဖြတ်မှာပါ။ လိဒ်လား၊ ဘန်လေလားဆိုတာကတော့ စိတ်ဝင်စားစရာအဖြစ်ရှိနေပါတယ်။ ပလေးအော့ကန်ခွင့်ကိုတော့ ရှက်ဖီး၊ ဆန်းဒါးလန်း၊ ဘရစ္စတိုးနဲ့ ကိုဗင်ထရီတို့ ရဖွယ်ရှိပါတယ်။

image