3 ပတ် - ဘာသာပြန်ပါ။

မြောက်ဥက္ကလာပ (ဌ) ရပ်ကွက်တွင် မီးလောင်မှုဖြစ်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ ဒေါနလမ်း ခြံအမှတ် ၂၀၇ တွင် ယနေ့ ဧပြီ ၂၁ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၄၂ မိနစ်အချိန်ခန့်တွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြောက်ဥက္ကာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ဝေဘာဂီနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရွှေပေါက္ကံနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြောက်ဥက္ကလာပနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။မီးလောင်မှုအားဝိုင်းငြှိမ်းသတ်မှုကြောင့် ၁၃ မိနစ်ခန့်သာလောင်ကြွမ်းခဲ့ပြီး ၂ နာရီ ၅၄ မိနစ် အချိန် မီးငြိမ်းသွားကြောင်း သိရပြီး ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်ရခြင်းအကြောင်းအရင်းကို စုံစမ်းနေဆဲဖစ်ကြောင်း သိရသည်။

image