#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ သံရုံးလုပ်ငန်းများ ပုံမှန်ပြန်ဖြစ်ရေး အမေရိကန်နှင့် ရုရှား ဆွေးနွေးမည်
အမေရိကန်နှင့် ရုရှားတို့အကြား သံရုံးလုပ်ငန်းများ ပုံမှန်လုပ်ဆောင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁ဝ ရက်တွင် တူရကီနိုင်ငံ၌ တွေ့ဆုံမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
မြို့တော်အစ္စတန်ဘူလ်ရှိ ရုရှားကောင် စစ်ဝန်ရုံး၌ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံရေး သို့မဟုတ် လုံခြုံရေးရာကိစ္စများ ကို ဆွေးနွေးမည်မဟုတ်ကြောင်း အမေရိကန်ကဆိုသည်။ ယူကရိန်းစစ်ပွဲအရေးလည်း ပါဝင်မည်မဟုတ်ကြောင်း ပြောသည်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို အမေရိကန်ဆိုင်ရာ သံအမတ်သစ်အလက်ဇန်းဒါးဒါကိဗ်က ဦးဆောင်မည်ဖြစ်ပြီး အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဆိုနာတာကော်လ်တာ ဦးဆောင်မည်ဖြစ်သည်။
ဆွေးနွေးမှုများတွင် သက်ဆိုင်ရာသံရုံးများ၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးများအပေါ် ဆွေးနွေး မည်မဟုတ်ဟုဆိုသည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အမေရိကန်နှင့် ရုရှားတို့သည် သံတမန်အများအပြားကိုအပြန်အလှန် နှင်ထုတ်ခဲ့ကြသည်။
ထို့ပြင် သံအရာရှိအသစ်များခန့်အပ်မှုကိုလည်း ကန့်သတ်ခဲ့ကြပြီး ၂ဝ၂၂ ခုနှစ်တွင် ယူကရိန်းကိုရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက်တွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးပြတ်တောက်ခဲ့သည်။
ဖေဖော်ဝါရီလတွင်မူ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ဆော်ဒီအာရေဗျတွင် တွေ့ဆုံခဲ့ကြသည်။
ဘီဘီစီ

image