12 w - Translate

မန္တလေးငလျင်ကြီးကြောင့် လူနေအိမ် ၆ သောင်းကျော် ပျက်စီးခဲ့ရ
ရန်ကုန်၊ ဧပြီ ၁၁
အင်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူနေအိမ် ၆ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့မှာ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်အပါအဝင် စာသင်ကျောင်း ၂၃၆၆ ကျောင်းနဲ့ ဆေးရုံဆေးခန်း ၂၉၁ ခု ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်းအထိ ငလျင်ကြောင့် သေဆုံးခဲ့ရသူ ၃၆၄၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၁၈ ဦးနဲ့ ပျောက်ဆုံးသူ ၁၄၅ ဦးရှိလာပြီး ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူတွေကို တစ်ဦး ၁၀ သိန်းကျပ်စီ ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

image
image
image
image