11 ပတ် - ဘာသာပြန်ပါ။

ဟမ်ဘာဂါလုပ်နည်း
ဒီနေ့မှာတော့ ဟမ်ဘာဂါလုပ်နည်းလေးမျှဝေပေးချင်ပါတယ်။
၁၊ ဟမ်ဘာဂါရဲ့အသက်က ကွာလတီကောင်းတဲ့ အမဲသားဖြစ်တာမို့ အဆီများတဲ့ ပေါင်သားကို ကျွန်တော်က ရွေးသုံးပါတယ်။
၂၊ ပြီးတာနဲ့ ကြိတ်ထားတဲ့အမဲသားကို လေးပိုင်းအညီအညာ ပိုင်းပြီး အလုံးလေးတွေဖြစ်အောင် လက်သန့်သန့်လေးနဲ့ နယ်ပေးလိုက်ပါမယ်။
၃၊ အဲဒီနောက် ဘာဂါထဲထည့်စားမယ့် ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ သခွားချဉ်တွေကို ပါးပါးလေးလှီးပြီး ကြွပ်သွားအောင် ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။
၄၊ ပြီးတာနဲ့ အိုးပူပူထဲကို ထောပတ်ဆီသုတ်ပြီး အမဲသားလုံးကို ဘာဂါပုံစံဖြစ်အောင် သံကြိတ်ပြားနဲ့ ပုံစံသွင်းရပါမယ်။
၅၊ အဆီရွှဲနေတာမကြိုက်လို့ ကျွန်တော်က တစ်သျှူးတစ်ခါတည်းခံပြီး စုပ်ထားလိုက်ပါ။ တစ်ဖက်ကလည်း အနံ့မွှေးအောင် ကြက်သွန်ဖြူတစ်ပြားလောက်ကိုပါ အိုးထဲထည့်ကြော်ပါမယ်။
၆၊ ဒီလိုနဲ့အသားရဲပြီး မိနစ်၉၀ လောက်ကြာရင်တော့ အပေါ်ကနေ ချိစ်ပြားလေးအုပ်ပြီး ဆယ်ထုတ်လိုက်လို့ရပါပြီ။
၇၊ ခုနက အိုးထဲမှာပဲ ထက်ခြမ်းခွဲထားတဲ့ ပေါင်မုန့်ကို ကျက်သွားအောင် အပူပေးပြီးရင်တော့ ဆော့စ်စပ်ရပါတော့မယ်။
၈၊ မုန့်နှစ်နဲ့ မရောနိစ့်၊ မုန်ညှင်းချဉ်ခြစ်ထားတာလေးနဲ့ ကြက်သွန်ဖြူမုန့်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းနဲ့ အရသာမှုန့်တွေကိုပါ ရောထည့်ပြီး မွှေလိုက်ပြီး ပန်းကန်ထဲမှာ လှလှလေးပြင်ဆင်လိုက်တာနဲ့ အမေရိကန်အရသာစစ်စစ် ဟမ်ဘာဂါလေး ရရှိပါပြီ။

image