ထိုင်းစတိုင်လ် ပဲကြာဇံသုပ် ချဉ်ငံစပ်လေး လုပ်နည်း
အရမ်းစားကောင်းတာမို့လုပ်စားကြည့်နော်
- ပါဝင်ပစ္စည်းမျာ -
- ဂျယ်လီကြာဇံ
- ကြက်သွန်နီ ပါးပါးလေးလှီး
- ငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
- သံပုရာရည် ထမင်းစားဇွန်း ၃ ဇွန်း
- သကြား ၂ ဇွန်း
- ကြက်သွန်ဖြူချဉ်ရည် ၃ ဇွန်း
- churney ပေါင်ဒါ အနည်းငယ်
- ပုဇွန်
- ဝက်အူချောင်း ဂဏန်း ကြိုက်သလောက်ထည့်ပါ
- အပ်မှို ( မရှိရင်မထည့်လဲရ )
- အနံကြိုက်တဲ့သူအတွက် ရှမ်းနံနံပင် တစ်ပင်
- သုပ်နည်း -
~~~~~~~~
၁။ ကြာဇံ ၊ ပုဇွန်၊ ဝက်အူချောင်း ပြုတ်ထားပါ ။
၂။ သုပ်ဖို့ ဇလုံကိုပြင်ပြီး ငရုတ်သီး၊ ကြက်သွန် နဲ့ ငံပြာရည်ထည့်
သံပုရာရည်၊ ကြက်သွန်ဖြူချဉ်ရည်၊ သကြားညို၊ အရသာမှုန့်
ပြင်ဆင်ထားတာအကုန်ထည့်ပြီးရင် အရသာမြည်းကြည့်ပါ ။
၃။ ဂျယ်လီကြာဇံ ၊ ပုဇွန်၊ ၀က်အူ‌ေချာင်း၊ ဂဏန်းကိုထည့်၊
ကြက်သွန်နီနဲ့ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီးရင်
အဲဒါတွေကို ကောင်းကောင်းရောသမမွှေပြီးရင် ပန်ကန်ထဲထည့်ပြီး စားလို့ရပါပြီး ။
Credit to original

image